Tuesday, July 29, 2008

ပန်းအဘိဓါန်

ကံကော်ပန်း = မပြောင်းလဲတဲ့ ထာဝရအချစ်ပေါ့။
ကြာပန်း = မိတ်ဆွေတွေရဲ့ ခင်မင်မှုမျိုးနဲ့ ခင်မင်ပါတယ်။
ခရေးပန်း = မေ့မသွားပါနဲ့ကွယ်။
ခတာပန်း = အားငယ်ရသူမို့ ညှာတာပါ။
ချယ်ရီပန်း = တစ်နေ့နေ့တော့ ဝေးရဦးမယ်။
ခေါင်းလောင်းပန်း = အမြန်ဆုံးနီးခွင့်ရချင်တယ်။
ဂန္ဓမာပန်း(ဖြူ) = ငြိမ်းချမ်းပါစေ။
ဂန္ဓမာပန်း(၀ါ) = သတိရနေမယ်။
ဂမုန်းပန်း = မျှော်လင့်ခြင်းကြီးစွားနဲ့ စောင့်နေရတဲ့သူပါ။
စံပယ်ပန်း = မင်းရဲ့အချစ်ကိုလက်ခံလိုက်မယ်။
ဆပ်သွားဖူးပန်း = သစ္စာမရှိတဲ့သူအတွက် ၀မ်းနည်းရတယ်။
ဆောင်တော်ကူးပန်း = မင်းကြောင့်ကိုယ့်မှာ ရူးရပြီ။
ဆယ့်နှစ်ရာသီပန်း = ရိုးသားဖြူစင်ခြင်းပေးပါ။
ညမွေးပန်း = အရာရာမင်းအတွက်ဖြစ်စေရမယ်။
ဒေလီယာပန်း = မကြာခင်မှာဆုံတွေ့ခွင့်ရကြရအောင်။
ဒန်းပန်း = ဘ၀ကိုအရှုံးမပေးနဲ့။
ဒေါနပန်း = ကိုယ်တို့ ခွဲခွါကြစို့။
နှင်းပန်း = အဆင့်မပြေမှုတွေဟာ တခဏပါ။
နှင်းဆီပန်း = ကိုယ်တော့မင်းကို ချစ်နေမိပြီ။
နေကြာပန်း = မင်းဘ၀ရဲ့ ရှေ့ရေးအဆင့်ပြေဖို့ ကိုယ့်တာဝန်ပေါ့။
ပိတောက်ပန်း = မင်းဟာကိုယ့်အတွက်တော့ရှားပါးတဲ့ဆုလဒ်ပါ။
ပျားခတ်ပန်း = မင်းဟာဒီပန်းလို လှပတဲ့ သူတစ်ယောက်ပဲ။
ဖယောင်းပန်း = အထီးကျန်ခြင်း၊ ကြေကွဲအားငယ်ခြင်း။
မြတ်လေးပန်း = ဇွဲသတ္တိရှိခြင်း။
မိုးမခပန်း = လွမ်းဆွေးကြေကွဲရခြင်း။
သဇင်ပန်း = ကျေးဇူးပြု၍ မမုန်းလိုက်ပါနဲ့။
သစ်ခွပန်း = ကျက်သရေအပေါင်းနဲ့ ပြည့်စုံခြင်း။
သော်ကပန်း = ကိုယ့်ကိုခွင့်လွတ်ပါ။
သံလွင်ပန်း = အောင်မြင်ခြင်းကို ဂုဏ်ပြုခြင်း။
ရွက်လှပန်း = နှုတ်ဆက်လိုက်ပါတယ်။
ဝိုင်အိုလက်ပန်း(ခရမ်း) = မျှော်လင့်သလိုဖြစ်ပါစေ။
အုန်းပန်း = ကံကောင်းခြင်း။

ဆောင်းအိမ်မက် (မှတ်စု)



ဖွင့်ဟသံ

တစ်ချိန်တုန်းက ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတစ်ယောက်ပါ။အခုတော့ ချစ်ရတဲ့သူဆိုလည်းမမှားဘူးပေါ့။ ခြားနားလွန်းတဲ့ ဘ၀နှစ်ခုကြားမှာ ကိုယ်မြတ်နိုးစွာချစ်ခဲ့မိတဲ့ကောင်မလေးတစ်ယောက်။
မပြည့်စုံသေး တဲ့ ကိုယ့်ဘ၀ထဲ ကိုယ်ဖြစ်ချင်တဲ့ဘ၀လေး မဖြစ်သေးသ၍ အရောင်အစွန်းအထင်းမရှိတဲ့ မင်းရဲ့ဘ၀လေးကို ကြမ်းတမ်းတဲ့ကိုယ့်ဘ၀ထဲ ဆွဲမခေါ်ရက်ခဲ့ပေမယ်၊ တစ်ပါးသူရဲ့ရင်ခွင်ထဲကိုလည်း ရင်နာနာနဲ့ မစွန့်လွတ် နိုင်ခဲ့ဘူးလေ။ အပေါင်းအသင်း အသိုင်းဝိုင်းတွေက ဘာတွေပဲပြောကြပါစေ မင်းကို ကိုယ် ဆက်ချစ်သွားမယ် ဆိုတာယုံကြည်ပေးပါ။ မဆုံနိုင်သေးတဲ့ အချိန်တိုင်းမှာရောက်နေရာအရပ်ကနေပြီး မင်းရှိရာအရပ်ဆီကို မှန်းဆပြီး လွမ်းတက်နေခဲ့ပြီ ဝေးကွာနေတဲ့အချိန်အတွင်းမှာအချိန်ရှိတိုင်းတမ်းတ နေခဲ့တာ ကိုယ်မင်းကို သိပ်ချစ်ခဲ့လို့ထင်ပါရဲ့။

ကောင်းကင်မိုး....

အဆာ

သူ....
မနက်မိုးလင်းတဲ့ အချိန်တိုင်း
ကျွန်မရဲ့ မျက်လုံးတွေ
ပွင့်လာတာနဲ့ တစ်ပြိုင်နက်
ကျွန်မ ဆာတာ ဘာလဲသိလား....?
သူ့ရဲ့ အပြုံးတွေကို
ကျွန်မဆာတယ်။
သူ့ရဲ့ ကြင်နာချိုမြိန်တဲ့ စကားသံကို
ကျွန်မ ဆာတယ်။
သူ့အကြောင်းတွေးရင်း နိုးထရတဲ့
နံနက်ခင်းဟာ
ငှက်ကလေးတွေ သီချင်းဆိုသံနဲ့ အတူ
ကြည်နူးဖို့သိပ်ကောင်းတယ်။
ပြီးတော့....
ရေအေးအေး တစ်ခွက်သောက်လိုက်ရသလို
ရင်ထဲ .... အာရုံထဲ....
အေးစိမ့် ကြည်လင်သွားတယ်။
အဲ့ဒီ အချစ်လောက် သိမ်မွေ့နက်ရှိုင်းတဲ့အရာ
ဘယ်မှာမှ ရှာမတွေ့နိုင်ဘူး။

ကောင်မလေး


မိန်းကလေး အချစ်

သူ...
ရေချိုးပြီးစ
သနပ်ခါးရနံ့ မွှေးပျံ့သင်းချိန်
ကျွန်မ သတိအရဆုံး လူဟာ
ဘယ်သူလို့ ထင်သလဲ....?
အဲ့ဒါ ... သူပဲပေါ့ .....
အစားကောင်းစားတဲ့ အချိန်
စာအုပ်ကောင်းဖတ်တဲ့ အချိန်
သတင်းကောင်းကြားတဲ့ အချိန်
ကျွန်မတို့ မိန်းမသားတွေ ဦးဦးဖျားဖျား
သတိရတက်သူဟာ .....
သူတို့ သိပ်ချစ်တဲ့ .....
သူတို့ ချစ်သူတွေပဲပေါ့။
အခုလည်း....
မွှေးရနဲ့ သင်းပျံ့ချိန်မှာ ....
သူကို .... သနပ်ခါး ရနံ့ကလေး
ရှုရှိုက်စေချင်တာဟာ
မိန်းမ တစ်ယောက်ရဲ့ .....
အချစ်ပေါ့နော်။

ကောင်မလေး...

သက်သေ

ဆုံတွေခြင်းရဲ့ အစ
မျက်ဝန်းက သက်သေတည်။
နှောင်ဖွဲ့ခြင်းရဲ့ အစ
အချစ်သီချင်းက သက်သေတည်။
ကြင်နာခြင်းရဲ့ အစ
သံယောဇဉ်က သက်သေတည်။
ချစ်ခြင်းရဲ့ အစ
သစ္စာက သက်သေတည်တဲ့။
ဒီလိုဆို
ကိုယ် မင်းကလွဲပြီး ဘယ်မိန်းကလေးမှ
မချစ်တော့ဘူးလို့ သက်သေပြုပါစေတော့...

ဆောင်းအိမ်မက်

ဖြေသိမ့်သူ

ချစ်သူရယ်
ထာဝရခွဲခွါခြင်းမဟုတ်
တစ်ခဏဝေးကွာခြင်းကိုတောင်
ရင်မှာပူဆွေး လွမ်းစိတ်တွေဝေ
ကျွမ်းစိတ် မဖြေနိုင်ခဲ့ပါဘူး။
တကယ်လို့များ
ချစ်သူ မင်းက
တစ်သက်တာ နှုတ်ဆက်
ခွဲခွါလက်ပြသွားခဲ့ရင်
ဟန်ဆောင်မချိပြုံး
အခါခါပြုံးရင်း
မြေပြင်မှာခြေစုံရပ်လို့
ကျွေကျ တဲ့ငါ့မျက်ရည်
ကျန်ရစ်ခဲ့မှာပါ။
ဒါပေမယ့်
ရက်တွေကုန်လွန်လာရင်တော့
တိတ်တိတ်လေးတမ်းတ
တိတ်တိတ်လေးလွမ်းရလို့
နှလုံးသား ကြေအက်
လောကကို မေ့ပြစ်လိုက်တဲ့
ကောင်လေးကိုတော့
မပျက်မကွက်
တစ်ချက်လောက် ငဲ့စောင်းကြည့်ပေးပါလို့။

ဆောင်းအိမ်မက်

ဝန်ခံချက်

လမင်းရယ်...
တကယ်တော့ ကိုယ်ဟာ
မင်းပျော်ပါးနေထိုင်ရာ
ထက်ကောင်းကင် ဝေယံမှာ
နေနိုင်သူလည်း မဟုတ်ခဲ့ပါဘူး။
မင်းရဲ့ အလင်း
လင်းသထက် လင်းအောင်
ဆောင်ကြဉ်းပေးနိုင်တဲ့
ညခင်းလည်း မဟုတ်ခဲ့ပါဘူး။
မင်းရဲ့အနား
ဝန်းရံခစားနေတဲ့
တောက်ပတဲ့ အလင်းနဲ့
ကြယ်ကလေးများရဲ့ အဆင်းကိုလည်း
ယှဉ်နိုင်သူ မဟုတ်ခဲ့ပါဘူး။
မဖြစ်နိုင်မှန်းသိလျက်နဲ့
မင်းကိုမှ ချစ်မိခဲ့တဲ့ ကိုယ့်စိတ်ကိုလည်း
တားဆီးလို့မရ နိုင်တော့ပါဘူး။
အဲ့ဒီတော့ လမင်းရယ်...
ဟိုအရင် တစ်ချိန်ဆီက
မင်းဆီက ရဘူးတဲ့
အကြင်နာ အယုအယတွေကို
ပြန်လည် မြင်ယောင်ရင်း
တမ်းတစိတ်ကူး
အိမ်မက်မှာပဲ မျှော်လင့်ရင်းနဲ့
ရူးတော့မယ်။

ဆောင်းအိမ်မက်

အချစ်ရူး

တစ်ကယ်ပါ
ရင်မှာလေ
ဝေဒနာဆိုတာ
ချိုသလို ခါးသလိုနဲ့
ဘယ်လိုနေရာများသိမ်းထားရမှာပါလိမ့်။
တိတ်ဆိတ်နေပေမယ့်
စိုးစိတ်ထိတ်ထိတ်နဲ့ပေါ့
အပူမီးဝိုင်း
အရူးတစ်ပိုင်း
မဟုတ်ခဲ့ပေမယ့်
ရင်ထဲမှာ
ဝုန်းဒိုင်းတော့ ကြဲနေတာပဲ။

ဆောင်းအိမ်မက်

အမှတ်တရ ချစ်သူသို့

ချစ်သူ...
သံယောဇဉ်ဆိုတာ
သနားညှာတာမှုကအစ
စေတနာတရားအဆုံး
အမြဲရှင်သန်မွေးဖွားစေသတဲ့။
ချစ်သူ...
မြတ်နိုးတွယ်တာမှုနဲ့
နားလည်ခွင့်လွတ်နိုင်မှုကို
ချစ်သူနဲ့ ပတ်သက်သမျှခံစား
အရာရာ ရင်ဆိုင်ရဲတဲ့သတ္တိ
ဆိုးအတူ ကောင်းဘက် လက်တွဲအတူ
တစ်ဘ၀လုံး
အလှဆုံး အိမ်မက်အဖြစ်
ထာဝရ ချစ်သွားကြမယ်။

ဆောင်းအိမ်မက်

Saturday, July 26, 2008

မြတ်နိုးမယ်

တစ်သက်တစ်ခါ တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့် ငုံအဆင့်မို့
ရင့်လိုပဲ ၀ါဝါ ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲပဲ ကြွေကြွေ
မြေမှာပဲ ရောက်ရောက်
ဖွဖွလေး ကောက်လို့
ပန်းခြောက်ကလေးပဲ မြတ်နိုးမယ်။

ကောင်းကင်မိုး

သူသိပါစေ

မေ့မရ
သူ့ပုံရိပ်
ဒို့နှလုံးသားမှာ
စွဲထင်နေ
သူသိပါစေ .....

ကောင်းကင်မိုး

ချစ်သူ၏ အလှအမွမ်း

ဥမ္မာဒန္တီဇာတ်ကို ဖတ်ဖူးသလား....?
မုဒုလက္ခဏာဇာတ်ကို ဖတ်ဖူးသလား....?
ပဉ္စပါပီဇာတ်ကို ဖတ်ဖူးသလား....?
ပပ၀တီဇာတ်ကို ဖတ်ဖူးသလား....?

ဥမ္မာဒန္တီရဲ့ အချောအလှကြောင့်
သိဝိမင်းကြီးရူးသွားတယ်။
မုဒုလက္ခဏာမင်းသမီးရဲ့ အချောအလှကို
လှစ်ခနဲ မြင်လိုက်မိတဲ့အတွက် ဈာဉ်ပျံရသေ့ကြီးဟာ
ဈာဉ်လျောပြီး ဖုတ်ခနဲ ပြုတ်ကျသွားတယ်။
ပဉ္စပါပီရဲ့ အတွေ့ထူးကြောင့် ဘုရင်ကြီးမူးမေ့သွားတယ်။
ပပ၀တီရဲ့ အချောအလှကို မက်မောလွန်းတဲ့
မင်းကုသဟာ လူပေါကြီးဖြစ်ခဲ့ရတယ်။

အမ္မရာကိန္ဒရီ ၊ မဒီသမ္ဘူလ ၊ ဥမ္မာဒန္တီ တို့ရဲ့ ချောတယ် လှတယ်ဆိုတာတော့
မြင်ဖူးတာ မဟုတ်လို့ မသိပေမယ့်။အဲ့ဒီစာအုပ်တွေထဲက အချောအလှတွေက
ကျွန်တော်ချစ်သူရဲ့ အလှကို မီပါ့မလားလို့တောင် သံသယဖြစ်မိတယ်။

ကောင်းကင်မိုး

တန်ဖိုး

တန်ဖိုးဆိုတာ
ထားတက်တဲ့သူရဲ့လက်ထဲမှာ
အနန္တထိုက်တန်တက်ပေမယ့်
မထားတက်တဲ့ သူအတွက်တော့
ဘ၀ရဲ့ တန်ဖိုးအရှိဆုံး အချစ်ဆိုတဲ့အရာကိုတောင်
ကစားစရာ လုပ်ပစ်တက်ကြတယ်။

ကဲ ဘယ်လိုလည်း .....?
ခင်ဗျားရော-
အချစ်ကို တန်ဖိုးထားတက်တဲ့သူလား?
အချစ်ကို ကစားတက်တဲ့သူလား?

ဆုံခွင့်

သူ ...
လူ့ဘ၀ဟာ တိုတိုလေးနော်
လူဖြစ်ခွင့်ရတဲ့ ခဏတာအချိန်လေးအတွင်းမှာ
ကိုယ်က ချစ်တဲ့ ချစ်သူနဲ့
ကိုယ့်ကို ချစ်တဲ့ ချစ်သူနဲ့သာ ဆုံတွေ့ခွင့်ရချင်တယ်။
လောကမှာ အဓိကအကျဆုံး ဖီလင်ဟာ
မိမိချစ်ဖို့ တစ်စုံတစ်ယောက်ရှိပြီး
မိမိကို ချစ်ဖို့ တစ်စုံတစ်ယောက်ရှိနေခြင်းဆိုတဲ့ ဖီလင်ပါပဲ။

ကောင်းကင်မိုး

လက်နက် (သို့မဟုတ်) ထွက်ပေါက်

မိန်းကလေးတွေရဲ့ လက်နက်(သို့မဟုတ်)ထွက်ပေါက်ဟာ မျက်ရည်တဲ့

ယောင်္ကျားလေးတွေရဲ့ လက်နက်(သို့မဟုတ်)ထွက်ပေါက်ကတော့ ရယ်မောခြင်း တဲ့။

ကဲ မှန်ကျလားဗျာ ......?

ကောင်းကင်မိုး

သ၀န်တိုခြင်း

သ၀န်တိုတယ်ဆိုတာ
ကိုယ့် ချစ်သူရဲ့ဂုဏ်သိက္ခာနဲ့
တစ်ခြားယောင်္ကျားတစ်ယောက်ရဲ့
ဂုဏ်သိက္ခာကို ပူးပေါင်းမြုပ်နှံပြီး သတ်ဖြတ်လိုက်တာပဲတဲ့။

ကောင်းကင်မိုး

ငါဘယ်သူလည်း...?

ငါဘယ်သူဘဲ ငါဘယ်ဝါဘဲ ငါ့ရာထူးကဘာ အဲ့ဒါတွေကိုလွတ်လိုက်ပါ။

ကောင်းကင်မိုး

အကောင်းဆုံး အရည်အချင်းကို အကောင်အထည်ဖော်ခြင်း

“ သင့်ဘ၀မှာ အဓိကအကျဆုံး အခြေခံအကျဆုံးအချက်အခြာအကျဆုံး လိုအပ်ချက် တစ်ခုပဲရှိပါတယ်။ အဲ့ဒါဘာလည်းဆိုတော့ ကိုယ့်ကိုယ်ကို ကိုယ်ဖြစ်နိုင်သမျှအကောင်းဆုံးဖြစ်လာဖို့ ကိုယ့်မှာအရည်အချင်း တွေအများကြီးရှိတဲ့အထဲကအကောင်းဆုံးအရည်အချင်းကိုအကောင်အထည်ဖော်ဖို့အဲ့ဒါဟာ သင့်ဘ၀မှာ တစ်ခုတည်းသော အချက်အချာအကျဆုံး အဓိကအကျဆုံးလိုအပ်ချက်ဖြစ်ပါတယ်။”
'' အခွင့်အရေးနှင့်တာဝန်ဆရာတော် ဦးဇောတိက ''

အချစ်ဆိုတာ


“ယောင်္ကျားအချစ် ဖွင့်လှစ်ပြဆို အပိုမရ သူ့ဘ၀၏ တစ်စတစ်ပိုင်း ဆစ်အပိုင်းတည့်။
မိန်းမအချစ် သူ့အဖြစ်ကဘ၀စုံလုံး အားလုံးခြုံ၍ ”

ယောင်္ကျားရဲ့အချစ်ဟာသူ့ဘ၀ရဲ့ အစိတ်အပိုင်းမျှသာတဲ့။
မိန်းမရဲ့အချစ်ကတော့ သူ့ဘ၀တစ်ခုလုံးပဲတဲ့။
ကဗျာဆရာဘိုင်ရွန်