Monday, August 25, 2008

သူငယ်ချင်း၊ ၀တ္ထုတို တစ်ပုဒ်ပါ

သန်းခေါင်ယံ ည(၁၂)နာရီတွင် အင်တာနက်ပေါ်သို့ သူတက်အလာကို စောင့်နေတတ် သည်မှာ ကျွန်မ အတွက် အကျင့်တစ်ခုလိုဖြစ်နေသည်။အခန်းထဲတွင်မီးများကိုပိတ်ပြီးကျွန်မတစ်ယောက်တည်းထိုင်နေမိသည်။ကွန်ပျူတာ screen ပေါ်မှ ဖြာကျလာသော ပြာလဲ့လဲ့မီးရောင်မှလွဲ၍ အခန်းတစ်ခုလုံးမှောင်အတိကျနေသည်။ သူ၏ screen name မှာ(midnight) ဖြစ်ပြီးသန်းခေါင်ယံည(၁၂)နာရီတိတိတွင် online ပေါ်သို့တက်လာတတ်သည်။ ကျွန်မ မှာ ညတွင်မအိပ်ဘဲ အင်တာနက်ပေါ်တွင် ခြေဆန့်နေတတ်သော ဇီးကွက်တစ်ကောင်ဖြစ်သည်။ ပထမဆုံး အကြိမ် ကျွန်မဆီပို့သော သူ၏ message မှာ ထိုစာကြောင်းလေးဖြစ်သည်။

"အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကိုအမုန်းဆုံးပဲ"

ထိုစာကြောင်းကိုဖတ်ပြီး ကျွန်မ စိတ်ဝင်စားသွားမိသည်။ ကျွန်မလည်းဘာလုပ်ရမှန်းမသိ ပျင်းနေသည့် အချိန်မို့ စာတစ်ကြောင်းရိုက်ပြီး ပို့လိုက်မိသည်။ ကျွန်မပို့သောစာကိုဖတ်ပြီးသူ ပေါက်ကရထပ်ပြောတော့မည် မဟုတ်ဟု ကျွန်မ တွေးမိသည်။

"ကိုယ့်ကိုယ်ဒီလောက်မုန်းနေရင် သွားသေလိုက်ပါလား"
သို့သော် တစ်မိနစ်မျှပင် မကြာလိုက်....
"ဟုတ်တယ်.. ကျွန်တော်က အခုသရဲလေ"
"ဟား....သရဲဖြစ်ရတာပျော်လား"
"ကျွန်တော် မပျော်ပါဘူး။ ကိုယ့်ကိုအဆုံးစီရင်မိတဲ့အတွက်
ကျွန်တော်မကျွတ်ဘူး"
"ဟား...ဟား.. အချစ်အတွက်ကြောင့်လား"

ဒီလိုနှင့် စာတွေ အပြန်အလှန်ပို့ကြရင်း သူနှင့် ကျွန်မ online သူငယ်ချင်းဖြစ်သွားကြသည်။ သူသည် သူ့ကိုယ်သူ တစ္ဆေ တစ်ကောင်အဖြ
စ် သတ်မှတ်ထားသော ယောကျာ်းလေးတစ်ယောက်ဖြစ်သည်။ သူသည်ညတိုင်း သန်းခေါင်ယံ အချိန်တွင်တိကျစွာ online ပေါ်သို့ ရောက်လာတတ်သည်။ထိုအပြုအမှု များကြောင့်သူ့ကို အံ့သြ ထိန့်လန့်စွာ ကျွန်မပိုစိတ်ဝင်စားမိသည်။ တစ္ဆေသရဲ အင်တာနက်သုံးပါ့မလား... ဒါဟာတိုက်ဆိုင်တဲ့နောက် ပြောင်မှုတစ်ခုပဲဖြစ်မည်ဟု ကျွန်မဖြေသိမ့်မိသည်။သူသည် အရင်ကတည်းက ကျွန်မ၏ ရုပ်ရည်ကို မြင်ဖူးထား သည့်အလား ဘယ်တော့မှ ကျွန်မ၏ ပုံပန်းသဏ္ဍာန်ကို မမေးဖူးခဲ့။ တစ်ခါတရံသူသည်ကျွန်မဘေးတွင်ရှိနေခဲ့ပြီး ကျွန်မကို ထိုင်ကြည့်နေသည်ဟု ခြောက်တတ်သေးသည်။

"ကျွန်မ အခုဘာလုပ်နေလဲ"
တစ်ခါတရံ နောက်ပြောင်ပြီး သူ့ကို ကျွန်မမေးဖူးသည်။ ခဏမျှ သူနှုတ်ဆိတ်
နေတတ်ပြီး...
"တော်ပါပြီ... ကျွန်တော်မပြောချင်ဘူး.. ပြောလိုက်ရင် လန့်သွားဦးမယ်"
"ကော်ဖီတွေ သိပ်မသောက်နဲ့လေ"
"ပုံဆိုးပန်းဆိုး ထိုင်မနေနဲ့လေ"

တစ်ခါတရံ ကျွန်မမျှော်လင့်မထားသော စကားများကိုသူပြောတတ်သည်။ ထိုစာရသော အချိန်တွင် တိုက်ဆိုင်စွာ ကျွန်မမှာ ကော်ဖီသောက်နေသည့်အချိန်(သို့)ထိုင်ခုံပေါ်တွင် ခြေအစုံကိုစုတင်ပြီးငုတ်တုတ်ထိုင်ကာကျွန်ပျူတာ ကို စိုက်ကြည့်နေသည့် အချိန်ဖြစ်သည်။ ကျွန်မနှင့် chatting လုပ်နေသောအချိန်များတွင် သူ့ဘ၀နောက် ကြောင်းကို ပြောပြတတ်သည်။သူသည်အသက်(၂၃)နှစ်ဖြစ်ပြီး chat room ထဲမှ မေ"ဟုခေါ်သောမိန်းကလေး တစ်ယောက်ကို အစွဲအလမ်းကြီးစွာ ချစ်မိခဲ့ကြောင်း၊ မေ"ကြောင့် သူ့ကိုယ်သူ အဆုံးစီရင်မိကြောင်း ၊ အင်တာနက်ကို ပထမဦးဆုံး ထိတွေ့မိသည့် သူ့အဖို့ chatting ဟုခေါ် သော အင်တာနက် စကားဝိုင်း၏ လှည့်စားမှုကို နားမ လည်ခဲ့ကြောင်း ၊ မေ" ၏ ဖော်ရွေသော အပြော အဆိုများပေါ်တွင် သူသာယာမိ ကြောင်းကျွန်မကို ပြောပြ တတ်သည်။ အင်တာနက်တွက် ဆရာတစ်ဆူ လိုဖြစ်နေသော မေ" မှာ သူ မသိနားမလည်သည်များကို သင်ပြတတ်သည်။ မေ"၏နွေးထွေးသောအပြော များကြောင့် chatroom ထဲသူ အမြဲဝင်ဖြစ်ခဲ့သည်။ chatroom ထဲဝင်တိုင်း မေ " မှ လွဲ၍ မည်သူနှင့်မျှ သူစကားမပြောပေ။

"ကျွန်တော် မေ့ကို ချစ်တယ်.... ကျွန်တော်ရဲ့ အင်တာနက်ချစ်သူ လုပ်နိုင်မလား"
"အင်တာနက် ချစ်သူအတွက် ဘာကောင်းကျိုးရှိလဲ"
"ကျွန်တော့်မှာ မေကိုပေးဖို့အတွက် အချစ်တွေ အပြည့်ရှိပါတယ်"
"အချစ်... အဟား... မေမှာ ပေါလွန်းလို့ကွယ်"
"ဒါဆို မေလိုချင်တာ ကျွန်တော်အကုန်ပေးမယ်"
"အသက် ယူမယ်ဆိုရင် ပေးနိုင်မလား"
"ကောင်းပြီလေ"

မေ"၏အချစ်ကို ရဖို့အတွက် အရာရာကို သူစွန့်လွတ်ရဲခဲ့သည်။ မေ"၏ စကားလုံးချိုချိုလေးများကြား သူ မိန်းမော သာယာနေခဲ့မိသည်။ ကြာတော့ အင်တာနက်ထဲတွင်ပြောရသည်ကို သူ အားမရတော့။ မေ"ကို အပြင်လောက တွင် သူတွေ့ချင်လာသည်။လူကိုယ်တိုင်တွေ့ပြီး မေ"ကို ပွေ့ဖက်နမ်းရှုပ်ချင် မိသည်။ မေ" ကိုအပြင် တွင်တွေ့ရန်၊ ဖုန်းဆက်ခွင့်ပေးရန် သူတောင်းဆိုမိသည်။ မေ"က တောင်းဆိုမှု တွေများလွန်းနေပြီဖြစ်ကြောင်း၊ တွေ့ခွင့်မပေး နိုင်ကြောင်း အပြင်းအထန်ငြင်းဆန်ခဲ့သည်။ နောက်ပိုင်း တွင် သူ့အပေါ် မေ"၏ ဆက်ဆံမှုများက အေးစက်လာ ခဲ့သည်။ မေ"ပို့လာသောစာကြောင်းများကိုဖတ်ခြင်းဖြင့်သူ့အပေါ်တွင် မေ"စိတ်ကုန်လာပြီဖြစ်ကြောင်းသိသာနေ သည်။

ညတိုင်း သန်းခေါင်ယံအချိန်တွင် သူသည် အချိန်တိကျစွာ onlineပေါ်သို့ရောက်လာပြီး သူနှင့်မေ"၏ ပုံပြင်ကို ကျွန်မအား ပြောပြတတ်သည်။ တစ်ခါတရံသူ၏လုပ်ရပ်များကို ကျွန်မ မထောက်ခံ မိသော် လည်း ညတိုင်း online တက်ပြီး သူပြောသောပုံပြင်ကို နားထောင်သည့်အလုပ်မှာ ကျွန်မအတွက် မလုပ်မဖြစ်အလုပ်တစ်ခု ဖြစ်လာခဲ့သည်။

"ဘာဖြစ်လို့ မီးမဖွင့်တာလဲ... အလင်းပြန်နေတာ မျက်စိပျက်မယ်နော်"
"ဘာပြောချင်တာလဲ.. ကျွန်မကို ထိုင်ကြည့်နေပြန်ပြီလို့
ခြောက်လှန့်ချင်တာလား"
"ကျွန်တော် တကယ်ထိုင်ကြည့်နေတယ်လေ... ဘာလဲ မယုံသေးဘူးလား"

ကျွန်မ ဘာပြန်ပြောရမှန်း မသိတော့။ တစ်ခါတလေ ကျွန်မကိုယ်တိုင်ပင် အနားတွင်သူရှိနေသည်ဟု ယုံမှား သံသယ၀င်မိတတ်သည်။ ၀ိညာဉ်၏ သံလိုက်ဓာတ်နှင့် အင်တာနက်၏သံလိုက်လှိုင်းများ တစ်ခါတရံ ဆွဲငင် တတ်သည်ဟု သူငယ်ချင်းများက ပြောဖူးသော်လည်းကျွန်မ အယုံအကြည် မရှိခဲ့။ ထူးဆန်းသည်မှာ သူ့ကို ကျွန်မ နည်းနည်းမှ ကြောက်မနေခြင်းပင်ဖြစ်သည်။

"ခင်ဗျားက ထူးခြားတယ်"
"ဘာဖြစ်လို့လဲ"
"ခင်ဗျား ကျွန်တော့်ကို မကြောက်လို့ ကျွန်တော်က သရဲဆိုတာ တကယ်မယုံလို့လား"
"ကျွန်မ တစ္ဆေသရဲတွေ အယုံအကြည် မရှိဘူး"
သူပြောသမျှကို နားထောင်ပြီး မနက်မိုးလင်းမှ ကျွန်မအိပ်ယာဝင်ဖြစ်သည်။မနက်ပိုင်းတွင် နေမြင့်မှထတတ် သော အကျင့်ကြောင့် ကျွန်မ၏ အတန်းချိန်များကိုညနေပိုင်းတွင်သာ ရွေးထားသည်။ ဒီနေ့ အတန်းဆင်း ချိန်တွင် ကျွန်မခေါင်းတွေလေးလံပြီး ကိုယ်လက်မအီမသာ ဖြစ်နေသည်။ အိမ်အရောက် ဆေးသောက်ပြီး midnight onlineပေါ်သို့ တက်လာချိန်မှ ထတော့မည်ဟု စိတ်ကူးနှင့် ကျွန်မ အိပ်လိုက်သည်။

အိပ်ပျော်ပြီး သိပ်မကြာလိုက် စိတ်ထဲတွင် တကယ့်အဖြစ်လိုလို အိပ်မက်လိုလိုယောက်ျားလေး တစ်ယောက် ကျွန်မအခန်းထဲသို့ ၀င်လာသည်ဟု ခံစားမိသည်။ကျွန်မထထိုင်ဖို့ ကြိုးစားသော်လည်း ဘယ်လိုမှ ထမရခဲ့။ ထိုယောက်ျား လေးမှာအပြာနုရောင် ည၀တ်အင်္ကျီကို ၀တ်ဆင်ထားသည်။ ရုပ်ရည်မှာ သန့်ပြန့်နေသော်လည်း မျက်နှာမှာ သွေးဆုတ်ပြီး ဖြူရော်နေသည်။ အကြည့်မှာ နူးညံ့သိမ်မွေ့သည်။ ကျွန်မကုတင်နားသို့ ချည်းကပ် လာပြီး ကျွန်မ၏ဆံပင်များကို ပွတ်သပ်နေသည်။ ထို့နောက်ကျွန်မမျက်နှာကို ညင်သာစွာ ပတ်သပ်ပေးပြီး "ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"ဟု ပြောပြီး ပျောက်ကွယ်သွားသည်။ ကျွန်မမျက်စိ ကို အားယူဖွင့် လိုက်မိသည်။ နာရီကိုကြည့်လိုက်တော့ ည ၁၂နာရီ ၁၀မိနစ်။ ကျွန်မ ကုတင်ပေါ်မှ ခုန်ဆင်းပြီး ကွန်ပျူတာကို အလျှင်အမြန်ဖွင့်လိုက်သည်။ လိုင်းချိတ်နေချိန်တွင် ထိုအဖြစ်အပျက်မှာ တကယ်လား၊ အိပ်မက်လား ဆိုသည်ကို ကျွန်မတွေးနေမိ သည်။ အိပ်မက်ဖြစ်သည်ထားဦး.. ဘာကြောင့်ထိုလူ့ ရုပ်ရှည်ကို ကျွန်မကောင်းကောင်း မှတ်မိ နေပါလိမ့်။ ကျွန်မဝေခွဲမရဖြစ်နေချိန်တွင် ဖန်သားပြင်ပေါ်တွင် စာတစ်ကြောင်း ပေါ်လာသည်။

"ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"
ကျွန်မ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အိပ်မက်ထဲက စကားနှင့်
တစ်ထပ်တည်းပါလား...
စာကြောင်းရေးပို့လိုက်သူမှာ ကျွန်မနှင့် ညတိုင်း chatting လုပ်နေသောသူ့ကိုယ်သူ တစ္ဆေသရဲပါဟု ပြောသော midnight.... ကျွန်မ အသက်ရှူဖို့ခေတ္တမေ့နေခဲ့ပြီး ကွန်ပျူတာ ဖန်သားပေါ်က စာကိုသာ မျက်တောင်မခတ် ကြည့်နေမိသည်။ သူဟာကျွန်မလို လူစင်စစ်တစ်ယောက်ဖြစ်ကြောင်း ကျွန်မကိုယ် ကျွန်မ အသိပေးနေမိသည်။

"တစ်ယောက်ထဲနေရင် အစာတွေကို ပုံမှန်စားရမယ်လေ"
ကျွန်မ ပြန်မပြောသည်ကို သူသတိထားမိပုံ မရ။ သူပြောချင်တာကို ပြောနေသည်။
"ရှင်အခု ဘယ်မှာလဲ... ကျွန်မ အခန်းထဲမှာပဲလား.. ဟုတ်တယ် မဟုတ်လား" ကျွန်မ
ထိန့်လန့်စွာ မေးလိုက်သည်။
"ခင်ဗျား ဘယ်လို အဖြေမျိုးကို လိုချင်လဲ"
"တိကျတဲ့ အဖြေမှန်ကို ကျွန်မလိုချင်တယ်"
"ခင်ဗျားခရမ်းနုရောင် ည၀တ်အင်္ကျီကိုဝတ်ထားတယ်။ အင်္ကျီအောက်မှာ အိတ်ကပ်လေးနှစ်ခုပါတယ်။ အိတ်ကပ် ပေါ်မှာ လိပ်ပြာပုံဖဲပြားလေးပါတယ်။စားပွဲခုံပေါ်မှာခင်ဗျားသောက်နေကျ ကော်ဖီခွက်လေး တင်ထားတယ်။ ဒီည တော့ ခွက်ထဲမှာကော်ဖီ ရှိမနေဘူး။ ခင်ဗျား အိပ်ပျော်သွားလို့ ကော်ဖီမဖျော် ရသေးဘူး။ ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.... ခင်ဗျား ဖျားနေပြီ"

ဖန်သားပေါ်က ဆက်တိုက်ပေါ်လာသော စာများကို ဖတ်ရင်း ကျွန်မနှလုံးသွေးများပင် ရပ်တန့်သွား ပြီလား ဟု ထင်မိသည်။ ကျွန်မဘာမှ ပြန်မပြောနိုင်တော့... ကွန်ပျူတာပါဝါခလုတ်ကို အမြန်ဆုံးပိတ်ပြီး ကုတင်ပေါ်သို့ ခုန်တက်ကာ စောင်ကိုခေါင်းမြီးခြုံထားလိုက်သည်။ ကျွန်မဘေးတွင်သူရှိနေသည်။ ကျွန်မ အခန်းထဲတွင်တကယ် ရှိနေခဲ့လို့လည်းကျွန်မ၏ ၀တ်စားဆင်ယင်မှုတွေ၊ ကျွန်မ၏အကျင့်တွေကို သူသိ နေခဲ့ခြင်း ဖြစ်သည်။ ညတိုင်း online ပေါ်သို့ပုံမှန်တက်ပြီးသူ့ကိုစောင့်နေတတ်သော ကျွန်မ၏ တုံးအအ အပြုအမှုများကို သူအရင်က တည်းက စောင့်ကြည့်နေပုံရသည်။ သူစောင့်ကြည့်နေသည် ဆိုသည့် အတွေး နှင့် ကြောက်စိတ် ကြောင့်ကျွန်မ တစ်ကိုယ်လုံး စောင်ထဲတွင် တုန်နေမိသည်။ မည်မျှကြာကြာ တုန်လှုပ်နေမိသည်မသိ။ ညနေက သောက်ထား သော ဆေးအရှိန်ကြောင့် ကျွန်မတဖြေးဖြေး အိပ်ပျော် သွားသည်။ မှုန်ဝါးဝါး ကျွန်မ၏ မသိစိတ်ထဲတွင် သူသည် ကုတင်ဘေးတွင် ထိုင်ရင်း ကျွန်မအား ကရုဏာသက်စွာ ကြည့်နေသည်။ နောက်တွင် ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

မနက်နိုးလာသည့် အချိန်တွင် ကျွန်မ အပူချိန်တက်နေသည်။ တစ်ကိုယ်လုံးပျော့ခွေနေပြီး လမ်းလျှောက်ဖို့ရန် အင်အားပင် မရှိတော့။ ညတုန်းက အဖြစ်အပျက်ကိုပြန်စဉ်းစားမိသည်။ သူသည် နေ့ခင်းတွင် ကျွန်မဘေးတွင် ရှိနေမည် မဟုတ်ဟု ထင်မိသည်။တစ္ဆေသရဲများသည် အလင်းရောင်ကို ကြောက်ကြသည်မဟုတ်ပါလား..။ ကျွန်မ ကုတင်ပေါ်မှအားယူထလိုက်သည်။ ကော်ဖီဖျော်ရန် ရေနွေးတည်နေရင်း ညက သူပြောခဲ့သော စကားကို ပြန်သတိရမိသည်။

"ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.. ခင်ဗျား ဖျားနေပြီ"ကော်ဖီကို ကျွန်မ ဆက်မဖျော်မိတော့။ ညတုန်းက မြင်ခဲ့ဖူးသော သူ့ပုံရိပ်ကိုကျွန်မမြင်ယောင်မိသည်။ သူသာ တစ္ဆေမဟုတ်ခဲ့လျှင် မိန်းကလေး များ ၀ိုင်းဝိုင်းလည် နေသော ရုပ်ရှည်ရှိသူဖြစ်သည်။ သူ၏ခံစားချက်များကို နားထောင်ပြီးသူ့အပေါ် ကျွန်မ သနားမှုတွေ ပိုသွားပြီ လား...သူ့ကို ကျွန်မ ချစ်မိသွားပြီမလား..တစ္ဆေတစ်ကောင်ကို ကျွန်မ ချစ်မိသွားပြီလား... ဘယ်လောက် စိတ္တဇ ဆန်တဲ့အပြုအမှုလဲနော်...

သူပြောပြဖူးသောသူ့အကြောင်းများကို ကျွန်မပြန်စဉ်းစားမိသည်။ သူ့အပေါ်မေ"ဆက်ဆံရေးကျဲလာခဲ့ သည် ဆိုသည့်အထိပဲ ကျွန်မသိခဲ့သည်။ သူ့လို ရုပ်ရည်ချောမောသည့်လူကို မေ" ဘာကြောင့်များ ငြင်းဆန်ခဲ့သလဲ.. ကျွန်မသိချင်လာမိသည်။သူဘာကြောင့်ကိုယ့်ကိုယ်အဆုံးစီရင်ခဲ့လဲ.."အင်တာနက်ကို မုန်းတယ်..မိန်းမတွေကို မုန်းတယ်"ဟုပြောပြီး ဘာကြောင့် ထိုအကြောင်းများကို အင်တာနက်ပေါ်က ကျွန်မအား ပြောပြနေသလဲ...... ကျွန်မသိချင်စိတ် ပိုပြင်းပြလာခဲ့သည်။

ညအမှောင်ထု၏ တဖြေးဖြေး ၀င်ရောက်လာမှုက ကျွန်မစိတ်ကို ပိုလှုပ်ရှားစေခဲ့သည်။ သိချင်စိတ်များကြောင့် ည ၁၁နာရီ မိနစ် ၅၀တွင် ကျွန်မ အခန်းမီးများကို ဖွင့်ပြီးကွန်ပျူတာရှေ့တွင် ထိုင်နေမိသည်။ မည်မျှပင် သတ္တိရှိ သည်ထားဦး တစ္ဆေတစ်ကောင်နှင့်အမှောင်ထဲတွင် ကျွန်မ ထိုင်ရဲမည်မဟုတ်။ ကိုယ်ရောင်ဖျောက်ထား သော တစ္ဆေတစ်ကောင်ကို ကျွန်မ မမြင်မတွေ့နိုင်မှန်း သိနေသော်လည်း တံခါးပေါက်ဘက်သို့ ကျွန်မ မကြာခဏ လှည့်ကြည့် နေမိသည်။ သူ့ကို ကျွန်မစောင့်နေကြောင်း သူ့အား သိစေချင်သေးသည်။

ည ၁၂ နာရီ ၀၁ မိနစ်... နံရံပေါ်တွင် ချိတ်ဆွဲထားသော နာရီလက်တံ၏တစ်ချောက်ချောက် အသံမှ လွဲ၍ တစ်ခန်းလုံး တိတ်ဆိတ်နေသည်။ ဒီည သူလာပါဦးမလား... ။ မနေ့ညကကျွန်မ အပြုအမှုကြောင့် ဒီည သူထပ် လာပါ ဦးမလား...

"တစ်ခန်းလုံး မီးတွေ ထိန်နေအောင် ဖွင့်ထားတာ ကျွန်တော့်ကိုကြောက်သွားပြီလား"
သူလာပါပြီ.... ကျွန်မ ၀မ်းသာသွားမိသည်။ သူ့ကိုမေးဖို့ မေးခွန်းတွေကျွန်မမှာ အများကြီးရှိသေးသည် မဟုတ်ပါလား..။

"နည်းနည်းတော့ ကြောက်မိပါတယ်"
ကျွန်မ စာပြန်မရိုက်ဘဲ ပါးစပ်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူသာကျွန်မအခန်းထဲတွင် ရှိနေခဲ့လျှင် ကျွန်မပြောသမျှသူကြားနိုင်လိမ့်မည်ဟု ကျွန်မထင်သည်။ ယခုအဖြစ်အပျက်မှာ တစ်ယောက်ယောက်ကနောက် ပြောင်နေသည်ဟု ကျွန်မမျှော်လင့်ချင်သေးသည်။

"ခင်ဗျား အရင်က ကျွန်တော့်ကို မကြောက်ပါဘူး။ ကျွန်တော် စိတ်မကောင်းဘူးဗျာ"
"အရင်တုန်းက တစ်ယောက်ယောက်က နောက်ပြောင်နေတယ်လို့ ကျွန်မထင်ခဲ့တယ်လေ။
တကယ့်သရဲဖြစ်မယ်မှန်း တွေးမထားမိဘူး"
"အခု ခင်ဗျား သိပြီလေ။ ကျွန်တော်နဲ့ ဆက်စကားပြောနေဦးမလား"
"အင်း... ပြောမယ်။ ကျွန်မသိချင်တာတွေ မေးရဦးမယ်" ကျွန်မ အသက်ကိုပြင်းပြင်းလေး ရှူသွင်းလိုက် မိသည်။
"မေနဲ့ ရှင့်အကြောင်းကို အစအဆုံး ပြောပြနိုင်မလား"

"မေဟာ ကဝေမတစ်ယောက်ပါ။ လှည့်စားတတ်တဲ့ ကဝေမ... ကျွန်တော်နဲ့ချစ်သူတွေ မဖြစ်ခင် ကတည်းက သူ့မှာ လက်ထပ်ရမဲ့သူရှိပြီးသား.. အင်တာနက်မှာ ကျွန်တော်နဲ့ချစ်တယ်ဆိုတာကလည်း သူ့အတွက်အပျင်းပြေဖို့ သက်သက်ပဲ။ ကျွန်တော့်ကိုအရုပ်တစ်ရုပ်လိုသူသဘောထားခဲ့တယ်။ ကျွန်တော့်ရဲ့ ခံစားချက်ကို သူအမျိုးမျိုး လှည့်စားခဲ့တယ်"

"ရှင် ဘယ်လိုလုပ်သိလိုက်တာလဲ"

"သူနဲ့တွေ့နိုင်ဖို့ ကျွန်တော် အမျိုးမျိုး ကြိုးစားခဲ့တယ်။
အကြိမ်ကြိမ်လည်း တောင်းဆိုခဲ့တယ်။ သူ့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ကျွန်တော်တွေ့နိုင်အောင် ကြိုးစား မယ်လို့လည်း ပြောခဲ့တယ်။ ထူးထူးဆန်းဆန်းပဲကျွန်တော့်ကိုသူတွေ့မယ်လို့ခွင့်ပြုခဲ့တယ်။ သူနဲ့တွေ့ရမဲ့ ရက်မှာ ကျွန်တော်စိတ် အရမ်းလှုပ်ရှားခဲ့တယ်။ သူ့ကိုတွေ့တာနဲ့ သူမှန်းကျွန်တော် မှတ်မိနေခဲ့တယ်။ သူအရမ်းလှတယ်။ဓာတ်ပုံထဲက ထက်တောင် လှတယ်"

ကွန်ပျူတာ ဖန်သားပြင်ပေါ်မှ တက်လာသော စာများကို ဖတ်ရင်းကျွန်မမျက်တောင်ခတ်ဖို့ မေ့နေခဲ့ သည်။

"ခင်ဗျားကြည့်ရတာ သက်သာသေးပုံ မပေါ်ဘူး သွားအိပ်လိုက်ပါလား"

"ဟင့်အင်း... ကျွန်မ မေးဖို့ မေးခွန်းတွေ ကျန်နေသေးတယ်" ကျွန်မခေါင်းရမ်းရင်း ပြောလိုက်မိသည်။

"ခင်ဗျားရဲ့ လက်ကို ကျွန်တော် ကိုင်နေတယ်... ခံစားလို့ရလား"
မမျှော်လင့်သော စာကြောင်းကြောင့် ကျွန်မယောင်ရမ်းပြီး လက်ကိုကြည့်လိုက်မိသည်။ကျွန်မ ခံစားလို့ မရခဲ့... သို့သော် နွေးထွေးသော လက်တစ်စုံကကျွန်မလက်ကို ဆုတ်ကိုင်းထားသည်ဟု ကျွန်မမြင် ယောင်ကြည့်မိသည်။

"ခင်ဗျား ကြည့်ရတာ အားမရှိဘူးဗျာ။ ကျွန်တော် စိုးရိမ်တယ်။မေးချင်တဲ့မေးခွန်းတွေ နောက်ညမှ မေး ပါလား... အနားယူလိုက်နော်"

စာကြောင်းလေး တစ်ကြောင်းသာဖြစ်ခဲ့သော်လည်း ကြင်နာသော သူ့စကားများကိုကျွန်မ ခံစားမိသည်။

"ကျွန်မ တစ်ခုမေးပြီးရင် သွားအိပ်မှာပါ"
ကျွန်မ အရဲစွန့်ပြီး ကျွန်မ အသိချင်ဆုံး မေးခွန်းတစ်ခုကို မေးလိုက်မိသည်။
"ဘာဖြစ်လို့ ကျွန်မကိုမှ ရွေးချယ်ခဲ့ရတာလဲ"

"... ကျွန်တော် စောင့်ကြည့်နေတာ ကြာပြီ။ ခင်ဗျားနဲ့ chattingမလုပ်ခင်ကတည်းက ခင်ဗျားအခန်း ထဲမှာ ကျွန်တော်ရှိနေခဲ့တယ်"

တစ္ဆေတစ်ကောင် ကျွန်မ အခန်းထဲတွင် အစောကြီးကတည်းက ရှိနေသည်ကို ကျွန်မမသိခဲ့ပါလား.. ကျွန်မ၏ နေ့စဉ် အပြုအမှုများကို သူစောင့်ကြည့်နေခဲ့ပါလား...။ ထိုသို့ တွေးမိလိုက်စဉ် ကျွန်မပါးနှစ်ဘက် အပူကြောင့် ရှိန်း ခနဲ ဖြစ်သွားသည်။

"ဟား...ဟား.. ခင်ဗျား ဘာတွေးနေလဲ ကျွန်တော်သိတယ်။ ကျွန်တော် အဲဒီလောက်အောက်တန်း မကျပါဘူးဗျာ"

ကျွန်မပါးနှစ်ဘက် နီမြန်းသွားသည်ကို ကြည့်ပြီး ကျွန်မ၏အတွေးကိုသူသိနေခဲ့သည်။
"တစ်ခြားလူမသိအောင် စောင့်ကြည့်တဲ့ အပြုအမှုတွေဟာ မတရားဘူးဆိုတာရှင်မသိဘူးလား"

"တရားတယ်၊ မတရားဘူးဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ ၀ိညာဉ်တွေကဒီလိုပဲ လျှောက်သွား နေတတ်တယ်လေ။ ခင်ဗျားနဲ့ ခင်ပြီးတဲ့နောက်ပိုင်း ကျွန်တော်အချိန်သတ်မှတ်ပြီး လာခဲ့ တယ်။ တစ်ချိန်လုံး ကျွန်တော်စောင့်ကြည့် မနေတော့ပါဘူး""နေပါဦး..... နေ့လည်အချိန်တွေမှာ ရှင်ဘာလုပ်နေလဲ""နေ့လည်.. နေ့လည်ဆိုရင် လေးထောင့်အခန်းထဲမှာ ထားထားတဲ့ ခန္ဓာကိုယ်ထဲ ကျွန်တော်ဝင်နေရတယ်လေ။ ညအချိန်လို လွတ်လွတ်လပ်လပ်ထွက်လာခွင့်မရဘူး"ကျွန်မမျက်လုံးများပြူးသွားမိသည်။လေးထောင့်အခန်း......ခန္ဓာကိုယ်.... "နေ..နေပါဦး...လူတွေကရှင့်ကိုမသင်္ဂြိုလ်ကြ သေးဘူးလား ""ကျွန်တော်ရဲ့ ခန္ဓာကိုယ်က ဆေးရုံမှာပဲ ရှိနေ သေးတယ်။ မေ့မြောနေဆဲမို့သူတို့က လက်မလွတ်ချင်ကြသေးဘူးနဲ့တူတယ်" သူ..သူ..အသက်ရှင်နေဆဲပါလား..။ ၀ိညာဉ်ကသာလျှောက်သွား နေခြင်းဖြစ်သည်။ ဆေးရုံတွင် လဲလျောင်းနေသော ခန္ဓာကိုယ်မှာ ၀ိညာဉ်မဲ့သော ခန္ဓာကိုယ်ဖြစ်မည်။

"ရှင်ဘာဖြစ်လို့ ကိုယ့်ခန္ဓာကိုယ်ထဲ မပြန်တာလဲ... လူလုပ်ရမှာတော်တော်စိတ်ကုန်သွားပြီလား"
"ကျွန်တော် ပြန်သွားရင် ခင်ဗျားကို ကျွန်တော် မမြင်ရတော့ဘူး။ ကျွန်တော့်ကိုမေ့သွားမှာ စိုးတယ်"
သူ့စကားကို ကြားပြီး ကျွန်မ စိတ်မကောင်းဖြစ်သွားမိသည်။ သူ၏စိတ်ထဲတွင်ကျွန်မ ရှိနေခဲ့ပြီလား... လူသား တစ်ယောက်အနေနှင့် သူ၏ပိုက်ထွေးမှုကိုကျွန်မခံယူချင်သေးသည်။ လူတစ်ဖန်ပြန်လုပ်ဖို့ သူ့မှာ အခွင့်အရေး တွေရှိနေသေးသည်။ကျွန်မကို မြင်နိုင်ဖို့အတွက် ထိုအခွင့်အရေးကို သူလက်လွတ်တော့မလား။ ကျွန်မမျက်စိ ထောင့်စွန်းက မျက်ရည်များ အတားအဆီးမဲ့ စီးကျလာသည်။
"မငို.. မငိုပါနဲ့။ ကျွန်တော် ဘာအမှားများ ပြောမိပါလိမ့်
(ကျွန်တော်မျက်ရည်တွေကို သုတ်ဖို့ ကြိုးစားနေတယ်)"
ထိုစာကြောင်းကို ကြည့်ပြီးကျွန်မအသံထွက် ရယ်လိုက်မိသည်။ စ္ဆေတစ်ကောင်က ကျွန်မကို နှစ်သိမ့်နေပါလား..။ စီးကျလာသောမျက်ရည်များကို ကပျာကယာသုတ်ပေးနေသည့်သူ့ကို ကျွန်မမြင်ယောင် ကြည့်မိသည်။ "ရှင်ရဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်သေးတယ်။ ဒါပေမဲ့ အခုမဟုတ်သေးဘူး။တကယ့် လူတစ်ယောက် အဖြင့်နဲ့ ပွေ့ဖက်မှု ကို ကျွန်မ ခံယူချင်တယ်"
"ကျွန်တော်ရဲ့ ခန္ဓာကိုယ်ထဲ ပြန်ဝင်ဖို့ ပြောနေတာလား"
"ဟုတ်တယ်"
"၀င်သွားပြီးနောက်ပိုင်း ခင်ဗျားနဲ့ ပတ်သက်သမျှ ကျွန်တော် သတိမရတော့မှာကိုမကြောက်ဘူးလား"
"ဒီလိုပဲ ဖြစ်တတ်သလား..ကျွန်မကို မေ့သွားမှာလား" ကျွန်မစိတ်ပူစွာပြောလိုက်မိသည်။
"အသေအချာတော့ မသိဘူး။ တစ်ချို့မေ့တတ်တယ်။ တစ်ချို့ မမေ့တတ်ဘူး။ ခံနိုင်ရည်အားကို ကြည့်ရဦးမယ် လေ"
ပြန်သွားပြီး သူ သတိမရခဲ့လို့ ကျွန်မကို လာမရှာနိုင်ချင်နေပါစေ။
ကျွန်မကြောင့် သူသည် ခိုကိုးရာမဲ့ ၀ိညာဉ်တစ်ကောင်တော့ မဖြစ်စေချင်ပါ။
"ပြန်သွားပါ။ ရှင် ကျွန်မကို မမေ့ဘူးလို့ ကျွန်မ ယုံကြည်တယ်။
လူစင်စစ်တစ်ယောက်အဖြင့်နဲ့ ကျွန်မရှေ့မှာထိုင်ပြီး ရှင်နဲ့မေအကြောင်းပြောပြတာကို ကျွန်မကြားချင် သေးတယ် "မျက်စိကိုမှိတ် သူ့ပုံရိပ်ကို မြင်ယောင် ခံစားရင်း ကျွန်မ ပြောလိုက်သည်။
"ခင်ဗျား စကားကို ကျွန်တော် နားထောင်မယ်။ ကျွန်တော့် ခန္ဓာကိုယ်ထဲပြန်ဝင်မယ်။ ကျွန်တော့် ပြန်အလာ ကို စောင့် နေမလား"
"ကျွန်မ စောင့်နေမယ်။ တစ်သက်လုံး စောင့်နေမယ်။ ကျွန်မကိုမေ့ခဲ့မယ်ဆိုရင်တောင် ရှင်သတိရပြီး ကျွန်မကို ပြန်မှတ်မိလာတဲ့အထိ စောင့်နေမယ်"
ကျွန်မပြောရင်း ရင်နင့်မိသည်။ မျက်ရည်များက အတားအဆီးမဲ့စွာစီးဆင်းလာပြန်သည်။ သူ ကျွန်မ အနားက ပျောက်ကွယ်သွားတော့မယ်ဆိုတာ ရာခိုင်နှုန်းတစ်ဝက်ကသေချာနေပြီ။ရင်ထဲ စူးနေအောင် နာကျင်လာမိသည်။
"ခင်ဗျားပါးကို ကျွန်တော်နမ်းလိုက်တယ်။ ကိုယ့်ကိုယ်ကောင်းကောင်းဂရုစိုက်နော်။ ကျွန်တော်သွားပြီ။ ကျွန်တော့် ပြန် အလာကို စောင့်နေပါနော်"

နာရီလက်တံများ တစ်စက္ကန့်ပြီး တစ်စက္ကန့် ရွေ့နေသည်။ ကွန်ပျူတာဖန်သားပြင်ပေါ်တွင် သူ၏ စာများ ထပ်ပေါ် မလာတော့။ ကျွန်မ ထိုင်ခုံပေါ်တွင် ထိုင်ရင်းအားရပါးရ ငိုလိုက်မိသည်။ အိပ်မက်ထဲက သူ့ပုံရိပ်ကို စွဲစွဲမြဲမြဲ မှတ်ထားရန်ကိုယ့်ကိုယ် သတိပေးလိုက်မိသည်။ သူသည် အချိန်မရွေး ကျွန်မ ရှေ့တွင် ပေါ်လာနိုင်သည်။ ထိုအချိန်ရောက်လျှင် အလှပဆုံးပြုံးလျှက် သူ့ကို နွေးထွေးစွာ ကျွန်မ ကြိုမည်။ သူမလာမှန်း သိနေ လျှက်နှင့် ညသန်းခေါင် ၁၂နာရီရောက်တိုင်း ကျွန်မonline ပေါ်သို့ တက်ပြီး သူ့ကိုရှာမြဲ... သူ၏ message များကို မျှော် နေမြဲပင်။ ကျွန်မ၏ အပြုအမှုများသည် စိတ္တဇဆန် ကောင်း ဆန်နေလိမ့်မည်။
၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀

ပြက္ခဒိန် စာရွက်များ တစ်ရွက်ပြီးတစ်ရွက် ကြွေကျကုန်သည်။လူသွားလူလာများကြားတွင် သူ့ကို ကျွန်မ လိုက်ရှာ နေမိသည်။ ကျွန်မကိုတွေ့လျှင်ကျွန်မနှင့် ပတ်သက်ခဲ့ဖူးသမျှ သူ မှတ်မိနေမည် ဆိုသည်ကို ကျွန်မ ယုံကြည်နေမိ သည်။ကျောင်းဝင်းထဲရှိ သစ်ရွက်များပင်နွေဦးလေနှင့်အတူ မြူးတူး ပျော်ပါး နေကြကုန်ပြီ။မကြာမီ နွေရာသီ ကျောင်းပိတ်ရက် ရောက်တော့မည်။ လေရှုးတစ်ချက်အဝှေ့ ကျွန်မလက်ထဲကစာရွက်များ ပြန့်ကျဲ ကုန်သည်။ ထိုစာရွက်စာတမ်းများ မရှိလျှင် စာမေးပွဲတွင်ကျွန်မ ဒုက္ခလှလှလေး တွေ့ဦးမည်။ စာရွက်များကို ကျွန်မ ကပျာကယာလိုက်ကောက်လိုက်သည်။ ကျွန်မ နှင့်အတူ စာရွက်များကို လိုက်ကောက်နေသောအရိပ် တစ်ခုကို တွေ့လိုက်မိသည်။ စာရွက်များကို ကောက်ရင်း ကျွန်မ ဘေးနားတွင်ခြေအစံကို ရပ်လိုက်သည်။

"ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်လေ"

ကျွန်မရင် ဒိန်းခနဲ ခုန်သွားမိသည်။ ခပ်သြသြနှင့် နူးညံ့သော ထိုအသံမှာကျွန်မနှင့် မရင်းနှီးပေမယ့် ထိုလူပြော လိုက်သော စကားမှာ midnight ပြောတတ်သောစကားနှင့် တစ်ထပ်တည်း။ ကျွန်မ အထိန့် အလန့် မော့ကြည့် လိုက်မိသည်။သူပါလား... အိပ်မက်ထဲက ရုပ်ပုံလွှာလေး... အသားအနည်းငယ် ညိုသည်မှလွဲ၍ ကျွန်မအသိ စိတ်ထဲ က ရုပ်ပုံလေး၊ ကျွန်မနှင့် ရင်းနှီးသော ရုပ်ပုံလေး။ ခန္ဓာကိုယ် အနည်းငယ် ဖွံ့ဖြိုးသည်ကလွဲ၍ အိပ်မက် ထဲက ရုပ်ပုံနှင့် တစ်ထပ်တည်း။ ကျွန်မရှေ့တွင် သူထိုင်ချ လိုက်သည်။

"ဆောရီးပဲနော်.. တော်တော်လေး ကျန်းမာဖို့အတွက် အချိန်ယူနေရလို့ပါ။ လုံးဝနေကောင်းသွားပြီဆိုမှ ကျွန်တော် လာတွေ့ရဲတယ်လေ"
ကျွန်မ အံ့သြ၀မ်းသာပြီး ဘာပြန်ပြောရမှန်း မသိတော့။ မျက်လုံးအိမ်ထဲတွင်မျက်ရည်များဖြင့် ပြည့်လျှံနေခဲ့သည်။ ကျွန်မကိုယ်ကို ထောင်မတ်ပေးရင်း ကျွန်မမပါးကို ညင်သာစွာ သူပွတ်သပ်လိုက် သည်။
"ကျွန်တော် ထင်တဲ့အတိုင်းပဲ ပါးပြင်တွေက နူးညံ့နေတယ်"
"ကျွန်တော့်ကိုယ့်ကျွန်တော် ပြန်မိတ်ဆက်ပေးပါရစေ"
သူရယ်ရင်း လက်ကို ကမ်းပေးသည်။ ရယ်နေပုံက အပြစ်ကင်းသော ကလေးလေး တစ်ယောက်နှင့် တူနေ သည်။
"ကျွန်တော့်နာမည် နေဒွေးဇော်ပါ။ တွေ့ရတာ ၀မ်းသာပါတယ်"
"တွေ့ရတာဝမ်းသာပါတယ်။ကျွန်မမိဆိုးပါ"ကျွန်မပြန်ကမ်းလိုက်သောလက်ကိုကြင်နာစွာသူဆုတ်ကိုင် ထားလိုက် သည်။
"မိဆိုး ကျွန်တော်နဲ့ တစ်သက်လုံး လက်တွဲသွားနိုင်မလား"
ကျွန်မခေါင်းကိုသွင်သွင်ငုံ့လိုက်မိသည်။နွေဦး၏လေရူးနှင့်အတကျွန်မရှေ့သို့သူရောက်လာခဲ့သည်။ ရွက်ကြွေများ ဖြန့်ခင်းထားသော အ၀ါရောင်လမ်းလေးပေါ်တွင် သူနှင့်ကျွန်မ ပထမဆုံးအကြိမ် တွေ့ဆုံကြသည်။

ပြီးပါပြီ


သူငယ်ချင်း တစ်ယောက်မှ အီးမေးလ်ဖြင့်ပေးပို့သဖြင့် ကျွန်တော်လည်း ကြိုက်နှစ်သက်မိပါသည်။ မူရင်းစာသား ပိုင်ရှင် အား မသိပါသဖြင့် စာရေးသူသို့ခွင့်မတောင်းဘဲတင်လိုက်သလိုဖြစ်သွားပါသည်။ မူးရင်း စာရေးသူခွင့် လွတ် စေချင်ပါသည်။ www.newsnowdream.blogspot.com

Uninstall လုပ်၍ မရသော ပြဿနာ

တစ်ချို့သော software တွေကို Uninstall လုပ်တဲ့ အခါမှာလုပ်လို့ မရဘဲ ပေကပ်ကပ် လုပ်နေတဲ့ အခြေ အနေမျိုး လူတိုင်းကြူံဖူးကြမှာပါ ကိုယ့် ကွန်ပျူတာ ကို သံယောဇဉ် တွယ်နေတာ လဲဖြစ်နိုင်တာပေါ့လေ ဒီလို ပြဿနာ မျိုးကြုံတွေ့လာခဲ့ရင် အောက်ပါအတိုင်းဖြေရှင်းနိုင်ပါတယ် _ _

၁။ Start – Run – regedit ဟု ရိုက်ထည့်ပြီး OK

၂။ HKEY_LOCAL-MACHINE\Software\Microsoft\Windows\
CurrentVersion\Uninstall အောက်ရှိ မိမိ Uninstall လုပ်ချင်သော
Software ကို Click လုပ်ပါ။

၃။ ညာဘက်ရှိ Box ထဲတွင် UninstallString file အား
Double Click ပါ။ Value Data: အောက်ရှိ Box တွင်
C:\Program Files\WordWeb\uninst.exe ကို Copy လုပ်ပြီး OK ပေးပါ။

၎။ Start – Run ထဲတွင် C:\Program Files\WordWeb\uninst.exe
ကို Paste လုပ်ပြီး OK ပေးပါ။ Uninstall အား ပုံမှန်အတိုင်း အဆင့်ဆင့် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

Num lock ဖွင့်နေရတဲ့ပြဿနာ

Window စတက်တဲ့ အခါမှာ Num lock က Auto on မဖြစ်ပဲ လက်နဲ့On ပေးနေရတဲ့ သူများ ဒီနည်းလေးနဲ့ ဖြေရှုင်းနိုင်ပါတယ်

1.Run box မှာ regedit ကို ရိုက်ထည့်ပြီး Ok…

2.HKEY_USERS\.DEFAULT\C ontrol Panel\Keyboard
သို့ရောက်အောင်သွားလိုက်ပါ

3.ညာဘက်တွင် ပေါ်လာသော box ထဲမှ Default ကို Right click လုပ်ပြီး
Modify ကို click ပါ

4. Value data တွင် 2 ကို ရိုက်ထည့်ပြီး Ok… Restart ပေးလိုက်ပါ

ဒီနေရာမှာ 2 ဆိုတာကတော့ Num locks ကို Auto on ချင်လို့ပေးလိုက်တာပါ

မူလ Default ကတော့ “ 0” ပါ

Combination keys လေးတွေကတော့
0
Turns off Num Lock, Caps Lock, and Scroll Lock
1
Turns on Caps Lock
2
Turns on Num Lock
3
Turns on Caps Lock and Num Lock
4
Turns on Scroll Lock
5
Turns on Caps Lock and Scroll Lock
6
Turns on Num Lock and Scroll Lock
7
Turns on Caps Lock, Num Lock, and Scroll Lock

Computer ဝေါဟာရ အရှည်ကောက်များ

ကွန်ပျူတာကို နေ့စဉ် အသုံးပြုနေ သော်လည်းပဲ များသောအားဖြင့် ကွန်ပျုတာ ဝေါဟာရ အတိုကောက် လေးများ နဲ့သာ အများဆုံးထိတွေ့ နားည်ကြပါတယ် .. သိသလိုလိုနဲ့ တကယ် တကယ်တန်း အတိအကျ ပြောမယ် ဆိုရင်ဘာမှ မပြောတက်တော့ပါဘူး ကွန်ပျုတာအတိုကောက်လေးတွေဟာ မှတ်သားလွယ်ကူစေပေမဲ့ တစ်ချို့ တစ်ချို့သော ကွန်ပျူတာ ဝေါဟာရ အရှည်ကောက်များကိုတော့ မဖြစ်မနေ သိထားသင့်တယ်လို့ ယူဆတဲ့ အတွက် ကျွန်တော် လက်လှန်းမှီသလောက်လေးကို စုစည်းတင်ပြလိုက်ပါတယ်_ _

ACPI – Advanced Configuration and Power Interface
AGP – Accelerated Graphic Port
APM – Advanced Power Management
ASIC – Application Specific Integrated Circuit
BIOS – Basic Input / Output System
CD – Compact Disk
CMOS – Complementary Metal Oxide Semiconductor
CPU – Central Processing Unit
CRT – Cathode Ray Tube
DDR2 – Double Data Rate2
DIMM – Dual Inline Memory Module
DMA – Direct Memory Access
DOS – Disk Operating System
DRAM – Dynamic Random Access Memory
DVD – Digital Video Disk
ECP – Extended Capabilities Port
FSB – Front Side Bus
FTP – File Transfer Protocol

GbE – Gigabit Ethernet
HD – Hard Disk
IDE – Integrated Drive Electronic
IRQ – Interrupt Re Quest
ISP – Internet Service Provider
LAN – Local Area Network
LCD – Liquid Crystal Display
LED – Light Emitting Diode
LGA – Land Grid Array
Mac OS – Macintosh Operating System
MB – Mother Board
MPEG – Motion Pictures Experts Group
PAE – Physical Address Extension
PCI – Protocol Control Information
PDF – Portable Document Format
POST – Power On Self Test
PSU – Power Supply Unit
ROM – Read Only Memory
RTC – Real Time Clock
S/PDIF – Serial/Parallel Data Interchange Format
SATA – Serial ATA
SCSI – Small Computer Systems Interface
SS/DS – Single –Sided / Double – Sided
USB – Universal Serial Bus
VGA – Video Graphics Array
WAN – Wide Area Network
Windows XP – Windows eXPerience


Jetaudio skin ပြုလုပ်နည်း

Jet audio skin ကို မိမိစိတ်ကြိုက် ပုံလေးတွေနဲ့ skin ပြုလုပ်နည်းလေးကို ပြောပြချင်ပါတယ်သိရှိပြီးသားလူတော့ များလိမ်မယ် ထင်ပါတယ်
ပထမဆုံး ဒါလေးကို download ချလိုက်ပါ
ပထမဆုံး ကျွန်တော်တို့ ကို skin ဖန်တီးမဲ့ ဓာတ်ပုံလေးကို ကိုက်ညီမဲ့ အရွယ်အစားနဲ့ ၊ file type ရအောင်ဖန်တီးရပါမယ်..

Run မှာ mspaint ကို ရိုက်ထည့်ပြီး Ok ပေးပါမယ်
ပြီးရင် File ကနေတစ်ဆင့် ပြုပြင်ပြောင်းလဲ လိုတဲ့ ဓာတ်ပုံကို open ရပါမယ်
ဓာတ်ပုံအရွယ်အစားကတော့ မိမိကြိုက်သလို ယူလို့ရပါတယ် ဒါပေမဲ့
အရွယ်အစား အရမ်းကြီးသွားရင် ကိုးယိုးကားယား မလှမပ ဖြစ်သွားပါမယ်
ဒါကြောင့် ခပ်သေးသေးပဲ ပြောင်းဖို့ အကြံပေးပါရစေ
ပြောင်းပြီးသွားပြီ ဆိုရင်တော့ ဓာတ်ပုံကို
24 –bit Bitmap file type နဲ့ save ပေးရပါမယ်
လွယ်လွယ်ကူကူ desktop မှာပဲ save လိုက်ပေါ့ဗျာ

ပြီးရင် ဓာတ်ပုံကို copy လုပ်ပြီး Skin Default Mini folder , Default မှာ
ဓာတ်ပုံကို “ PREVIEW” အမည်ပေးပြီး save ပါ , Main ကို
ဆက်လက်ရွေးချယ်လိုက်ပါ ပြီးရင်တော့ အဲဒီ Folder ထဲမှာ
Photo ကို ထပ်ပြီးတော့ paste ပေးပါမယ် file name ကိုတော့
“ main_back” လို့ပြောင်းပေးပြီး save လိုက်ပါ(ဖိုင်ထဲမှာ main_back တစ်ခုပဲရှိရပါမယ်မူလကရှိပြီးသားကို ဖြတ်လိုက်ပါ )
ပြီးရင် Maker ရှိတဲ့နေရာကို
ပြန်သွားပါ
Jet Audio Skin maker Application ကို double click လိုက်ပါ
Input File name [jsc] ဆိုတဲ့ စာကြောင်းရဲ့ ညာဘက်ဘေးက
browse ကနေ
Jet Audio Skin Source File file type နဲ့ပေါ်နေတာလေးကို
ရွေးလိုက်ပါ နောက်ဆုံးအဆင့်ကတော့ Create skin for jet Cast or jet Chat [jcsk]
ဆိုတဲ့စာကြောင်းကို check ပေးပြီးတော့ Create!! , Run jetaudio with this skin
ကို click ရင် ok မှစိုပြေသွားပါပြီဗျာ..

Tuneup အကြောင်းတစေ့တစ်စောင်း

အားလုံးပဲ မင်္ဂလာပါဗျာ Tune up utilities အသုံးပြုပုံ ပြုနည်းဆွေးနွေးကြည့်ရအောင်ဗျာ

သိပြီးသား သူငယ်ချင်းမိတ်ဆွေ များကိုတော့ sorry ပါဗျာ မသိရှိသေးသောသူများအတွက်
အလွန်အသုံးဝင်မယ်လို့ ယူဆလို့ တင်ပြလိုက်ပါရစေ
TuneUp Utilities 2008 ကို စံထားပြီး ဆွေးနွေးသွားပါမယ်***
Tuneup ကတော့ မိတ်ဆွေတို့ရဲ့ Window operation system ကို
ပိုမိုမြန်ဆန် ၊ ကောင်းမွန်၊သွက်လက်လာအောင် mouse click လုပ်ပေး
လိုက်ယုံနဲ့ ဆောင်ရွက်ပေးနိုင်တဲ့ utilities ပါ****

ဒီလိုဆွေးနွေးပြောကြားရာမှာ
ပိုမိုလွယ်ကူသွားအောင် Category (၆) ပိုင်း၊ module လေးတွေ ခွဲပြီး ဆွေနွေးသွားပါမယ်..


Category – increase performance
၁။ Tuneup Drive Defrag
Harddisk မှာ တစ်စစီပြန့် ကျဲနေတဲ့ file တွေ ကို စနစ်တကျ ပြန်လည်
စိရီပေးခြင်း၊ window လုပ်ဆောင်နိုင်မှု့ ပမာဏကို မြင့်တင်ပေးခြင်းတို့
လုပ်ဆောင်ပါတယ်

၂။ TuneUp Styler
ဒီ module လေးကတော့ Boot screen, Logon Screen, Visual Style
Icon size စာတာတွေကို လွယ်ကူစွာပြောင်းလဲ ပေးနိုင်ပါတယ်
Category- Additional tools
၁။TuneUp Processor Manager
လက်ရှိ မိမိစက်မှာ run ထားတဲ့ programs တွေကို manage
ပြုလုပ်နိုင်ပါတယ် Task manager နဲ့ သဘောတရား ခြင်းအတူတူ
ပါပဲ
၂။TuneUp Registry Editor
ဒီ Editor လေးက တော့ registry ကို ပြောင်းလဲ တာတွေ
Enable, disblae လုပ်တာတွေ ကို ကူညီပါလိမ်မယ် Run command
ကနေ regedit လို့ ခေါ်ပြီး သုံးတာနဲ့ အတူတူပါပဲ
၃။Tuneup Shredder
ဒီ tool လေးကလဲ တော်တော်အ သုံးဝင်ပါတယ်
Software တစ်ခုကို uninstall လုပ်လို့မရ
C ထဲမှာ သွားဖျက်လို့လဲ မရ ဖြစ်နေတဲ့ အခါမျိုးတွေ မှာ
အလွယ်တစ်ကူ ဖျက်နိုင် ပါတယ် Kesper တင်ပြီး
ပြန် ဖြုတ်လို့ မရ ၊ ဖျက်လို့မရ ဖြစ်နေတဲ့
မိတ်ဆွေ သူငယ်ချင်းများ . ဒါလေးကိုသာ
အသုံးပြု ကြည့်လိုက်ပါ အိုကေ စိုပြေသွားမှာပါ
သတိပြုစေလိုတာကတော့ ဒါနဲ့ ဖျက်ထားတာကိုတော့
ဘယ်လိုမှ ပြန်ခေါ်လို့ မရပါဘူးဗျာ
၎။ TuneUp System Information
မိမိကွန်ပျူတာ မှာ တပ်ဆင်ထားတဲ့ Drives, Devices,Performance,
Communciation စတဲ့ အကြောင်းအရာတွေကို တွေ့မြင်နိုင်တဲ့ နေရာလေးပါ
၅။TuneUp Uninstall Manager
Add or Remove program ထက် ပိုမိုကောင်းမွန်ပါတယ်
Add or Remove မှာ လို
programs ၂ခု ၃ ခု လောက် uninstall
လုပ်လိုက်ရင် ရွေ့ မရ ပြုမရနဲ့ ကြောင်စီစီ ဖြစ်သွားတာ မျိုးမရှိပါဘူး
Uninstall လုပ်ပြီးပေမဲ့ entry ကျန်ခဲ့တာ မျိုးကို လဲ တစ်ခါထဲ remove လုပ်နိုင်ပါတယ်……..

ဒီလို error မျိုးနဲ့ ကြုံတွေ့ခဲ့ရင်

“Error 1719. The Windows Installer Service Could Not Be Accessed” Error Message When You Add or Remove Program.”

ဒီလို error မျိုးနဲ့ ကြုံတွေ့ခဲ့ရင်တော့ အောက်ပါအတိုင်း ဖြေရှင်းနိုင်ပါတယ်

1.Start>Run>cmd>command prompt ကိုဖွင့်လိုက်ပါ

2.cd %windir%\system32attrib -r -s -h dllcache ရိုက်ပြီး Enter

3.ren msi.dll msi.bak ရိုက်ပြီး Enter

4. ren msiexec.exe msiexec.bak ရိုက်ပြီး Enter

5.ren msihnd.dll msihnd.bak ရိုက်ပြီး Enter

6.exitရိုက်ပြီး Enter

7.ကွန်ပျူတာကို restart ချလိုက်ပါ

ဒါဆိုရင်တော့ ၀င်းဒိုးအင်စတော ကောင်းမွန်ချောမွေ့စွာပြန်လည်လုပ်ဆောင်နိုင်ပါပြီ

TCP/IP configuration ကို command prompt ကိုအသုံးပြူပြီးတော့ စမ်းသပ်နည်း

TCP/IP configuration ကို command prompt ကိုအသုံးပြူပြီးတော့ စမ်းသပ်နည်းလေးကို ပြောပြချင်ပါတယ် ဒီနေရာမှာ TCP/IP ဆိုတာဘာလဲလို့ရှင်းရှင်းလင်းလင်းမသိဘူးဆိုရင်တော့…. (သိပြီးသားလုများကတော့ကျော်သွားပါ)

TCP/IP ဆိုတာ Transmission Control Protocol and Internet Protocol ဖြစ်ပါတယ် ။
IP တစ်ခု ဟာ 32 bit binary number ဖြစ်ပြီး decimal ဂဏန်း 4 လုံးနဲ့ ဖော်ပြလေ့ ရှိပါတယ် ။

ပထမဆုံးလုပ်ရမှာက start menu, all program ,accessories မှတဆင့် command prompt ကို open ပါ
(Run box မှာ cmd လို့ရိုက်ထည့်ပြီးတော့လဲသွားနိုင်ပါတယ်)
Ipconfig ဆိုတာလေးကို ရိုက်ထည့်ပြီးတော့ enter ခေါက်ပါ အဲဒီအခါမှာတော့ မိမိ computer ရဲ့ IP adderess
Default gateway တစ်နည်းအားဖြင့် မိမိချိတ်ဆတ်အသုံးပြုနေတဲ့ sever ၊ DNS (Domain Name System) ၊ remote host IP address အစရှိတဲ့ data လေးတွေကိုတွေ့မြင်ရမှာပါ
ဆက်လက်ပြီး ping ရဲ့ option ပုံစံလေးကိုတွေ့မြင်ချင်ရင်တော့ ping လို့ရိုက်ထည့်ပြီးတော့ enter ခေါက်ပါ

မိမိ computer ရဲ့ IP adderess ကို change ချင်ရင်တော့ start menu ,connect to, show all connection ကို
Click ပါ Network connections အထဲက Lan or hight speed internet ဆိုတာလေးကို right click ထောက်ပါ
ပြီးရင် properties ကို click ပါ Lan properties ဆိုတဲ့ dialog box ကျလာပါမယ် ၊
This connection uses the following items ဆိုတဲ့ drop down menu ထဲမှ Internet Protocol(TCP/IP) ကို double click ပေးပါ ၊ Internet Protocol (TCP/IP) ဆိုတဲ့ dialog box ကိုတွေ့ရပါမယ် အဲဒီမှာတော့ Use the following IP address ဆိုတဲ့စာကြောင်းလေးကို အမှန်ခြစ်ပေးပြီးတော့ IP address နေရာမှာ မိမိပြောင်းလိုတာကို ရိုက်ထည့်ပါ (Ip Address ပြောင်းလဲရာတွင် မိမိ server မှ သတ်မှတ်ထားသော ကွန်ပျုနံပါတ်စဉ်အတွင်းသာ ပြောင်းလဲနိုင်မှာ ဖြစ်နိုင်ပါတယ် … ဥပမာ - 13.0.0.254 လို့သတ်မှတ်ထားတဲ့ server တစ်ခုမှာ 13.0.0.255 ဆိုပြီးပြောင်းလဲ၍မရနိုင်ပါဘူး ၊ 13.0.0.254 ကွန်ပျုတာအလုံးရေ 254 ကျော်သွားတာနဲ့ 13.0.1.1 စသဖြင့် ပြန်လည်စတင်မှာဖြစ်ပါတယ်) subnet mask, defult gateway တွေမှာတော့ မူလရှိတာတွေကိုပဲ ရိုက်ထည့်ရမှာဖြစ်ပါတယ် မေ့နေရင်တော့ command prompt ၊ ipconfig မှာပြန်ကြည့်လိုက်ပေါ့ ပြီးရင်Ok ပေးလိုက်ပါ..
Ip Address change တာပြီးဆုံးသွားပါပြီ task bar မှာ Lan icon ပေါ်ချင်ရင်တော့
Lan Properties dialog box က Show icon in notification area when connected ဆိုတဲ့ စာကြောင်းလေးကို
အမှန်ခြစ်ပေးပြီ ok ပေါ့ဗျာ

သင်ရဲ့ computer ဟာ Local Area Connection နဲ့ချိတ်ဆက်အသုံးပြုထားတယ် မိမိရဲ့ Local User password
ခံထားချင်တယ်ဆိုရင် my computer ကို right click ထောက်ပြီး manage ကိုသွားပါ computer manangent ဆိုတဲ့ dialog box ကျလာပါမယ်၊ Local user and group မှ user ကိုရွေးပါ ၊user အောက်က Guest ကို right click ထောက်ပါ ပြီးရင် Set password ကို click ပါ။ set password for Guest ဆိုတာလေးပေါ်လာပါမယ် ၊ proceed ကို clickြ ပီးရင်တော့ မိမိပေးလိုတဲ့ password ပေးပြီးတော့ ok နှိပ်လိုက်ရုံပါပဲ
Share folder ထဲကိုဘယ်သူတွေဝင်ရောက်ကြည့်ရှုနေသလဲဆိုတာ သိချင်ရင်တော့ share folders မှ session ကိုရွေးပါ တကယ်လို့ဝင်ရောက်ကြည့်ရှုတဲ့သူ များလို့ မိမိစက် အလုပ်လုပ်တာ လေးနေတယ် ဆိုရင် ၀င်ရောက်ကြည့်ရှုနေတဲ့ user ကို Right click ထောက်ပြီး close session ကိုရွေးပြီးတော့  ဖြုတ်ချနိုင်ပါတယ်

မိမိကွန်ပျုတာကနေ တခြားကွန်ပျုတာတစ်ခုဆီသို့ lan ထဲမှာ file share ပေးချင်တယ်.။ ဒါပေမဲ့ အဲဒီ share ကို တခြားသူတွေကို မမြင်စေချင်ဘူး..။ တခြားသူတွေ copy မလုပ်စေချင်ဘူးဆိုရင် ဒီနည်းလေးနဲ့ hidden share လုပ်လို့ရပါတယ်။ သိပ်ပြီးခက်ခက်ခဲခဲတော့ မဟုတ်ပါဘူး..။ အတော်တော်များများလည်း ဒီနည်းကို သိပြီးကြပြီ ဖြစ်မှာပါ။ ပြုလုပ်နည်းကတော့..- မိမိ share ပေးလိုတဲ့ folder name ရဲ့နောက်မှာ $ sign လေးထည့်ပြီးတော့ rename လုပ်ပေးလိုက်ပါ။-ပြီးရင် အဲဒီ shareကို share လုပ်ပေးလိုက်ပါ။ဒါလိုဆိုရင် အဲဒီ share ပေးထားတဲ့ folder ကို Network Places ထဲက view my workgroup computer ကပဲကြည့်ကြည့်၊ Run ထဲက computer name နဲ့ဖြစ်ဖြစ် IP address နဲ့ဖြစ်ဖြစ် ကြည့်တာနဲ့ share လုပ်ထားတဲ့ folder ကို မြင်ရမှာ မဟုတ်ပါဘူး..။ဒီ folder ကို တဖက်ကွန်ပျုတာက ဖွင့်ချင်တယ်ဆိုရင်တော့ Run ထဲကနေ ဖွင့်လိုတဲ့ computer name (or) IP address ရဲ့ နောက်မှာ share folder name $ ကိုတိုက်ရိုက် ရိုက်ထည့်ပြီး ခေါ်ယူရပါမယ်.။ ဒါဆိုရင် hidden share လုပ်ထားတဲ့ Data ဆိုတဲ့ folder ကိုအလွယ်တကူ ဖွင့်လို့ရသွားပါပြီ..။

G talk မှာ show current music track ပြထားပါရက်နဲ့ အဆင်မပြေတဲ့သူများဒီနည်းလေးနဲ့ ဖြေရှင်းနိုင်ပါတယ်

1.Window Media Player ကိုဖွင့်လိုက်ပါ
2.View Menu\Plug-in\Options ကို သွားလိုက်ပါ
3.Plug-ins tab, Category မှ background ကိုရွေးပါ
4.ညာဘက်မှ box ထဲမှာ Google Talk Music Plugin ဆိုတဲ့စာကြောင်းလေးကို
Check ပေးပြီး Ok… Restart..
XP သမားများ အတွက်တော့ ဒီမှာပဲ အဆင်ပြေသွားပါပြီVista သမားများက တော့
Window Media Plyer မှ Google Talk Plug-in ကိုရှာမတွေ့ခဲ့ဘူးဆိုရင်
အောက်ပါအတိုင်း လုပ်ဆောင်ရပါဦးမယ်

1.Uninstall Google Talk
2.http://www.google.com/talk/ ကိုသွားလိုက်ပါ
3.page ရဲ့အောက်နားမှ Google Talk Client ကို download ချပြီး
desktop ပေါ်မှာ save ထားလိုက်ပါ
ပြီးရင်တော့ G talk.exe ကို run ပြီး အသုံးပြုနိုင်ပါပြီ..

Monday, August 18, 2008

Kaungkhinmoe: Blogger တစ်ယောက်ဖြစ်ဖို့အတွက်

Kaungkhinmoe:အစ်ကိုရေbloggerတစ်ယောက်ဖြစ်ဖို့အတွက်ဘယ်ကနေစပြီးလေ့လာ
ရမယ်ဆိုတာလေး ပြောပြပေးပါဗျာ ကျေးဇူးတင်စွာဖြင့်
့်......
အဖြေ။ ။ myanmarblogdirectory.blogspot.com နဲ့ mmbloggershelpdesk.blogspot.com က
အသုံးဝင် ပါလိ့မ်မယ်။

Network မှတစ်ဆင့် အခြားကွန်ပျူတာများကို ထိန်းချုပ်ခြင်း

Network မှတစ်ဆင့် အခြားကွန်ပျူတာများကို ထိန်းချုပ်ခြင်းလုပ်နည်းလေးတစ်ခုကို ဖော်ပြပေး လိုက်ပါ တယ်။ကိုယ့် Network အတွင်းမှာရှိတဲ့ တခြားကွန်ပျူတာတွေကိုထိန်းချုပ်တဲ့နည်းတွေ မြောက်မြားစွာ ရှိပါ တယ်။ တခြားကွန်ပျူတာဘာလုပ်နေတာကအစထိုင်ကြည့်လို့ ရတဲ့ Program တွေလည်းမြောက်မြားစွာ ရှိပါ တယ်။ Local Chat (Text, Voice) ၊ Local Mail၊ LocalIntranet စတာတွေလည်း ဖန်တီးလို့ ရပါသေး တယ်။ တစ်ခုလောက်တောင်းဆိုချင်တာက ဒီနည်းလမ်းကို အသုံးချပြီးသူတစ်ပါးကို အနှောင့်အယှက်မပေး ပါနဲ့။ အထူးတောင်း ဆိုလိုပါတယ်။
၁။ ပထမဆုံး Command Prompt ထဲ ၀င်လိုက်ပါ။
၂။ တခြားကွန်ပျူတာမှာ run နေတဲ့ Program list ကို ကြည့်နိုင်ဖို့tasklist command ကို သုံးရပါ့မယ်။ Parameter တွေ ခံရပါမယ်။ tasklist /scomputername လို့ ရိုက်ပါ။ computername နေရာမှာ ကိုယ်ဆက်သွယ်မယ့်ကွန်ပျူတာရဲ့ name ကို ထည့်ရပါမယ်။
၃။ ဒါဆိုရင် အဲဒီ ကွန်ပျူတာမှာ run နေတဲ့ program list တွေ ပေါ်လာပါပြီ။
၎။ လှမ်းပိတ်နိုင်ဖို့အတွက် taskkill command ကို ထပ်သုံးရပါ့မယ်။
၅။ taskkill /s computername /im programname ပါ။
၆။ programname နေရာမှာ ပိတ်ချင်တဲ့ program name ကို ရိုက်ရပါမယ်။
ဥပမာ- notepad.exe

ခဏလောက်စောင့်ကြည့်ပါ။ပြီးရင်အဲဒီကွန်ပျူတာကိုင်တဲ့သူငါ့ကွန်ပျူတာဘာဖြစ်သွားတာပါလိမ့်ဆိုတဲ့ မျက်နှာကြီးကို စပ်ဖြီးဖြီးနဲ့ ကြည့်နေလိုက်ပေါ့။ http://itmen.myanmar bloggers.org မှ ပြန်လည်
ကူးယူဖောက်သည်ချခြင်းဖြစ်ပါသည်။အီးမေးလ်ဖြင့် ပေးပို့သော ကိုသူရိန် အား ကျေးဇူး အထူးတင်ရှိ
ပါသည်။

Blogspot တွေ ကြည့်နိုင်ဖို့

ကိုညီလင်းဆက် ဘလော့ခ်ကို ကြည့်တဲ့သူတွေကတော့ သိပြီးသားဖြစ်မှာပါ။ blogspot လိပ်စာနဲ့ ဘလော့ခ်တွေကို ကျော်ကြည့်နိုင်တဲ့ (အားတိုင်းယားတိုင်း ပိတ်နေတာကိုး) site တစ်ခုကို ပြန်လည် ဖောက်သည်ချ လိုက်ပါတယ်။ လိပ်စာကတော့ http://blogspotproxy.com ဖြစ်ပါတယ်။ မြန်တယ်။ ကြော်ငြာမပါဘူး။ ကဲ.. ကျော်တော့မှာ မဟုတ်လား။ http://itmen.myanmar bloggers.org မှ ပြန်လည်ကူးယူ ဖောက်သည်ချခြင်း ဖြစ်ပါသည်။ အီးမေးလ်ဖြင့် ပေးပို့သော ကိုသူရိန် အား ကျေးဇူး အထူးတင်ရှိပါသည်။

ဖုန်းနံပါတ်သိလျှင် အိမ်လိပ်စာသိအောင်လုပ်ချင်ရင်

ဖုန်းနံပါတ်သိလျှင် အိမ်လိပ်စာသိအောင်လုပ်တဲ့ Web Site တခုတင်ပြချင်ပါတယ်။ ဒီ Web Site လေကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ Name (or)Phone နေရာတွင် မိမိသိလို သောဖုန်းနံပါတ်ကို ရိုက်ထည့်ပြီး Enter ခေါက်ပါက ဖုန်းပိုင်ရှင်နာမည် နှင့်တကွ လိပ်စာပါတွေရပါလိမ့်မယ်။ အရေးကြီးသောဖုန်းနံပါတ်များပါဖော်ပြထားပါတယ်။ဒီနေရာမှ Click နှိပ်ပြီးသွာပါ။ http://itmen.myanmar bloggers.org မှ ပြန်လည်ကူးယူ ဖောက်သည် ချခြင်းဖြစ်ပါသည်။ အီးမေးလ်ဖြင့် ပေးပို့သော ကိုသူရိန် အား ကျေးဇူး အထူးတင်ရှိပါသည်။

Folder တွေ အရောင်ပြောင်းအောင် ဘယ်လိုလုပ်ပါသလဲ

Folder တွေ အရောင်ပြောင်းအောင် ဘယ်လိုလုပ်ပါသလဲ ဆိုရင် ဆော့ဖ်ဝဲနဲ့ပဲ လုပ်တာပါ။ Folder Marker ဆိုတာရှိတယ်။ ဒေါင်းလုပ် လင့်ခ်ကတော့ http://www.foldermarker.com/FolderMarker_Free.exe
http://itmen.myanmar bloggers.org မှ ပြန်လည်ကူးယူ ဖောက်သည် ချခြင်းဖြစ်ပါသည်။ အီးမေးလ်ဖြင့် ပေးပို့သော ကိုသူရိန် အား ကျေးဇူး အထူးတင်ရှိပါသည်။

Sunday, August 17, 2008

How to trace email

Email ဘယ်က ပို့လိုက်တာလဲ ဆိုတာကို Google map နဲ့ ကြည့်လို့ရပါတယ်။ http://www.ip-adress.com/trace_email/ ကိုသွားလိုက်ပါ။ How to view the email header မှာ Click here ကို နှိပ်လိုက်ပါ။ ကိုယူထားတဲ့ email services အလိုက် header ရယူနည်းတွေ ရှိပါတယ်။ ပြီးရင် တော့ mail box ကို ဖွင့်ပြီး။ ကိုသိချင်တဲ့လူ ပို့ထားတဲ့ mail ကိုဖွင့်ပြီး Header ရယူလိုက်ပါ။ http://www.ip-adress.com/trace_email/ ကိုပြန်သွားပြီး Copy and Paste the email header in this field: မှာ ရလာတဲ့ email က header ကို past လုပ်ပေးလိုက်ပါ။ Google map မှာ ရှာပေးပါလိမ့်မယ်။ http://itmen.myanmar bloggers .org ပြန်လည်ကူးယူတင်ပြခြင်းဖြစ်ပါသည်။ အီးမေးလ်ဖြင့်ပေးပို့သော ကိုသူရိန်အား ကျေးဇူးအထူးတင်ရှိပါ သည်။

Gtalk ၀င်ခဲ့တဲ့နာမည်တွေ မပေါ်အောင်

ကျွန်တော်အခုပြောပြမဲ့ အကြောင်းအရာကတော့ အင်တာနက်ဆိုင်မှာသုံးတဲ့ သူများအတွက်ပါ။ အရေးကြီး လားမကြီးဘူးလားတော့မသိဘူးဗျ။ ကျွန်တော်တို့ Gtalk သုံးပြီး sgnout တဲ့အခါ username မှာ ကျွန်တော် တို့ အသုံးပြုခဲ့တဲ့နာမည်တွေကို ကျန်ခဲ့မှာဆိုးလို့လျှောက်ရိုက်ပြီး ထွက်တတ်ကြပါတယ်။ (ကျွန်တော် ဆိုရင် user name မှာ as password မှာasနှိပ်ပြီးနောက်လူတွေ မမြင်ရအောင်ပိတ်ခဲ့ပါတယ်။) ကျွန်တော် တစ်နေ့က registery ထဲဝင်ကလိရင်းနဲ့တွေ့သွားတာပါ။ အဲလို as ပေးပြီးပိတ်ခဲ့ လဲ registeryမှာ Gtalk ကိုဘယ်userတွေသုံးခဲ့လဲဆိုတာပြန်ကြည့်လို့ရတယ်ဗျ။(အင်တာနက်ဆိုင်မှာလုပ်တဲ့သူများကောင်မလေး ချောချောလေး လာသုံးလို့ gtalk သိချင်ရင်လဲ ကြည့်လို့ ရတာပေါ့ ကောင်မလေးများ ဆိုရင်တော့ ကောင်လေး ချောချောလေးကို မှတ်မှာပေါ့နော်) ကျွန်တော်အခု ဒီပိုစ်လေးရေးတာ အဲလိုလုပ်ဖို့တော့ မဟုတ်ပါဘူးဗျ။ အဲဒါကို ကာကွယ်ဖို့နည်းလေးပါ။ ဒီပိုစ်လေးကို ဖတ်ပြီး ကိုယ့် gtalk ကိုသူများတွေ လာကြည့် လို့မရ အောင်ကာ ကွယ်ဖို့သက်သက်ပါ ကဲအဲဒါလေးကို ဘယ်လို ကာကွယ် မလဲ ဆိုတော့။ win+R နှိပ်ပါ။ box ထဲမှာ regedit ရိုက်ထည့်ပါ။ အဲဒီကနေ HKEY_CURRENT_USER ==> Software ==>Google ==> Google Talk== Accounts ကိုထောက်လိုက်ပါ။ ညာဘက်မှာ o ဆိုတာ တွေ့ပါမယ်။ အဲဒါကို double Click နှိပ်ပါ။ Value data: အောက်မှာ gtalk သုံးခဲ့တဲ့ username တွေကိုတွေ့ရပါမယ်။ ကိုယ်နာမည် ပါရင် ဖျက်ခဲ့ပေါ့။ ကူညီချင်တယ် ဆိုရင်တော့သူများနာမည်တွေပါ ဖျက်ပေး ခဲ့ရင် ပိုကောင်း တာပေါ့။ အဲဒါပြီးရင်မပြီး သေးဘူးဗျ စောစောက Accounts ကိုကြည့်နေတယ်မလား အပေါ်က အဆင့် ပြီးရင် အဲဒီ +Accounts ဆိုတာ ရှိတယ် မလား အဲဒီ + လေးကို နှိပ်လိုက်ပါ။ အဲဒီမှာ ကိုယ်ဝင် ထားတဲ့ Username တွေရှိပါ သေးတယ်။ ကိုယ့် User name ပေါ် click ထောက်လိုက်ပါ။ right click ==> delete နဲ့ဖျက် လိုက်ပါ။ ဒါဆို ရင်တော့ လုံခြုံသွားပြီလို့ ထင်ပါတယ် http://itmen.myanmarbloggers.org မှ ပြန်လည်ကူးယူ ဖောက်သည် ချခြင်းဖြစ်ပါသည်။ အီးမေးလ်ဖြင့် ပေးပို့သော ကိုသူရိန် အားကျေးဇူးအထူးတင်ရှိပါသည်။

GMAIL ကို ဖွင့်လိုက်တာနဲ့  Inbox ထဲမှာမဖတ်ရသေးတဲ့ Mails တွေကို အပေါ်ဆုံးက ပေါ်စေချင်ရင်

Gmail လေးဘက်ကိုလည့်ပြီး ပြသနာရှာကြည့်ရအောင် ခင်ဗျာ။ ဘယ်လိုလဲဆိုတော့ ကိုယ့်ရဲ့ GMAIL ကို ဖွင့်လိုက်တာနဲ့မဖတ်ရသေးတဲ့ Mail တွေကို အပေါ်ဆုံးက ပေါ်နေရင် မကောင်ဘူးလားဗျာ။ ကိုယ်က မေ့ပြီးတော့ မဖတ်ခဲ့ရင်လည်း အခုလို အပေါ်ဆုံးက ပေါ်နေတော့ အဆင်ပြေမယ် ထင်ပါတယ် ခင်ဗျာ။ ချစ်ချစ်က မေးပို့ လိုက်လို့ကိုယ်ကမသိဘူးဆိုရင်လည်း ပြန်ရှာနေစရာ မလိုဘူးပေါ့ဗျာ။ ဘယ်ကပဲ ပို့ ပို့ ပေါ့ဗျာ၊ အရေးကြီး တာ တွေကို ကိုယ်ကမဖတ်မိဘဲ ဖြစ်နေရင် မကောင်းဘူးပေါ့ဗျာ။ Gmail ကိုဖွင့်ပြီးရင် search box ထဲမှာ label: unread in:inbox ဆိုတာကို ရိုက်ပြီးတော့ Search Mail ဆိုတာကို Click လိုက်ရင်မဖတ် ရသေးတဲ့ Mails လေးတွေကနေစပြီးတော့ ဖော်ပြပေးပါလိမ့်မယ်ခင်ဗျာ။ http://itmen.myanmar bloggers.org မှပြန်လည်ကူး ယူ တင်ပြခြင်းဖြစ်ပါသည်။ အီးမေးလ်ဖြင့်ပေးပို့သော ကိုသူရိန်ကို ကျေးဇူးအထူး တင်ရှိစွာဖြင့်။

ကျွမ်းကျင်ရာမလိမ္မာဘဲ ပညာရှင်တစ်ယောက် မဖြစ်နိုင်

ကွန်ပျူတာနဲ့ အနေများ အလုပ်များလာတာနဲ့ အမျှ အမှားတွေလည်း နည်းလာတက်တာသဘာဝပဲ။ ကွန်ပျူတာ သုံးစွဲသူများ အနေနဲ့ဟိုကလိသည် ကလိလုပ်ရင်း ကိုယ့်ကွန်ပျူတာကို ပြင်ဆင်ရတာ မျိုးသဘောတွေ့ကြမှာ အမှန်ပါပဲ။ ကွန်ပျူတာ သုံးရင်အမြန်နှုန်းကို မက်ကြတာသဘာဝပါ။ ကွန်ပျူတာ ကိုမြန်အောင် လုပ်ရတာ ဘယ်လောက် လွယ်သလဲဆိုတာသိရရင်ပိုပြီးတော့ ပိုပြီးတောင် အံ့အား သင့်သွား လိမ့်ဦးမယ်။ ကဲ ကလိလိုက် ရအောင် ...

Add/Remove ပရိုဂရမ်တွေထဲမှာပါတဲ့ entry တွေကို ရှင်းထုတ်ပါ

Start>Run ကိုသွားပြီး regedit လို့ရိုက်ထည့်ပေးပြီး Enter ခေါက်ပါ။ပြီးရင် အောက်ပါအတိုင်းရှာကြည့်ပါ။ HKEY_LOCAL_MACHINE\ SOFTWARE \ Microsoft \ Windows \ CurrentVersion \ Uninstall အထက်ကအတိုင်း Uninstall ကိုတွေ့ပြီဆိုရင် မလိုချင်တော့တဲ့ ပရိုဂရမ်တွေကို ရှင်းပစ်ရုံပါပဲ။

ကွန်ပျူတာကို အလွယ်ပိတ်နည်း

ကီးဘုတ်ပေါ်မှာ ကွန်ပျူတာပိတ်တဲ့ Power button ပါမလာဘူးဆိုရင် Desktop ပေါ်မှာ ကွန်ပျူတာကို ပိတ်ခိုင်းတဲ့ Icom လေးတစ်ခု ဖန်တီးထားလို့ရပါတယ်။ ကွန်ပျူတာကို အသုံးမလိုတော့ဘူးဆိုရင် အဲ့ဒီ Icom ကိုDouble Click လုပ်လိုက်တာနဲ့ ကွန်ပျူတာ ပိတ်သွားမှာဖြစ်ပါတယ်။ Desktop ပေါ်မှာ Right Click နှိပ်လိုက်ပါ။ New shortcut တစ်ခုဖန်တီးလိုက်ပါ။ အဲ့ဒီမှာ စာရိုက်ထည့်ဖို့ပေါ်လာရင် shutdown-s-t0 လို့သေသေချာချာ ရိုက်ထည့်ပေးပါ။ ပြီးရင် Next လုပ်လိုက်တာနဲ့ Desktop ပေါ်မှာ Shortcut တစ်ခုပေါ်လာလိမ့်မယ်။ Shortcut ကို Right Click နှိပ်ပြီး Properties ကနေ ကိုယ့်စိတ်ကြိုက် ပိတ်တဲ့စနစ်ကို ပြင်ဆင်နိုင်သေးတယ်။ ဥပမာ- Ctrl,Alt,End ပေါင်းနှိပ်လိုက်ရင် ကွန်ပျူတာကို Shutdown လုပ်လိုက်ပါဆိုတာမျိုးပေါ့။

မသုံးတဲ့ Startpu ပရိုဂရမ်တွေကို ဖယ်ရှားပစ်ပါ

Start>Run ကိုသွားပါ msconfig လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။ System Configuration Utility ဆိုတာ ပေါ်လာ လိမ့်မယ်။Startup tab ကို နှိပ်လိုက်ပြီး ကိုယ်မသုံးတော့တဲ့ ပရိုဂရမ်တွေကိုရှေ့က အမှန်ခြစ်ကို ဖြုတ်ပေးလိုက်ပါ။

အသုံးချပရိုဂရမ်များကို ပိုမိုမြန်ဆန်စေရန်

ပုံမှန်အသုံးပြုနေတဲ့ ပရိုဂရမ်တွေကို ရှာရတာ အခက်တွေ့နေတယ်ဆိုရင် Stare Menu မှာတင်ထားတဲ့ ပရိုဂရမ် တွေကများပြီး စာရင်းက ရှည်လွန်းတယ်ဆိုရင် အမြန်နည်းလေးကို လမ်းညွှန်းချင်ပါတယ်။ Desktop မှာ New Folder တစ်ခုတည်ဆောက်လိုက်ပါ။ပြီးရင် အဲ့ဒီ Floder ကို Apps (သို့) Games လို့နာမည်တွေပေးပြီး အဲ့ဒီအထဲမှာ Shortcut တွေသွားထည့်လိုက်ပါ။ အောက်ခြေက Task ber ပေါ်မှာ Right Click နှိပ်ပြီး Tool ber>New toolbar ကိုရောက်အောင်သွားလိုက်ပြီး ခုနက Desktop ပေါ်မှာ Shortcut တွေထည့်ထားတဲ့ Folder ကိုသွားညွှန်းလိုက်ပါ။ဒါဆိုရင် ကိုယ်အမြန်ဆုံးသုံးချင်တဲ့ ပရိုဂရမ်တွေကို Taskbar ပေါ်ကနေပြီးတော့ လည်း အမြန်ဆုံးရယူနိုင်လိမ့်မယ်။

Menu ကို ပိုမိုမြန်ဆန်စေရန်

Start menu ကို default အနေနဲ့ထားရင် အနည်းငယ်နှေးတက်ပါတယ်။ သူ့ကိုလည်း Level အမျိုးမျိုး ပြောင်းပေးလို့ရတယ်။ Start>Run ကိုသွားပြီး regedit လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။ HKEY CURRENT USER\Control Panel\Desktop ပြီးရင် လက်ယာဘက်မှာရှိတဲ့ Menu Show Delay ပေါ်မှာ Right Click နှိပ်လိုက်ပါ။ Modify ကိုရွေးပြီး Value ကို 0 လို့ပြောင်းပေးလိုက်ပါ။သက်ရောက်မှုရှိစေဖို့ ကွန်ပျူတာကို Restart ပြန်လုပ်ပေးလိုက်ပါ။

လက်ရှိသုံးစွဲနေတဲ့ ဖိုင်စာရင်းကို ဖယ်ရှားထားပါ

Control Panel>Taskbar and Start Menu Properties ကိုသွားပြီး Start Menu tab ကို Click လုပ်ပါ။ ပြီးရင် Customise button ကို Click လုပ်ပါ။ Advanced tab ကို Click ထပ်လုပ်ပါ။ ပြီးရင် the List My Most Recently Opened Documents box မှာ အမှတ်အသားပေးထားရင် ဖြုတ်လိုက်ပါ။

အလိုအလျှောက် Updting လုပ်တာကို ပိတ်ထားပါ

Memory ကို များများရစေဖို့နဲ့ CPU ရဲ့ ပါဝါကို ပုံမှန်သုံးစွဲနိုင်စေဖို့ လိုပါတယ်။ Auto pudates ကို ပိတ်ထား ဖို့ဆိုရင် Control Panel>System ကိုသွားရပါလိမ့်မယ်။ပြီးရင် Automatic Updating ကို Turn Off လုပ်လိုက် ပါ။

ဟာ့ဒ်ဒစ်ကို ရှင်းလင်းပေးပါ

Programs>Accessories>System Tolls အောက်မှာ Disk Cleanup ဆိုတာရှိပါတယ်။ ဒါက ကွန်ပျူတာ စနစ်အတိုင်းမှာ ထည့်သွင်းပေးလိုက်တက်တယ်။ System ကို ပြဿနာရှာမယ့် မလိုအပ်တော့တဲ့ ဖိုင်တွေကို ဒီ ပရိုဂရမ် အနေ ရှင်းလင်းပေးနိုင်ပါတယ်။

Temp Folder ကို အလိုအလျှောက် ဖျက်ချင်ရင်

Temporary ဖိုင်တွေဟာ ဟာ့ဒ်ဒစ်မှာ နေရာသိပ်ယူတက်တယ်။ ဟာ့ဒ်ဒစ်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကိုလည်း အဟန့်အတားဖြစ်စေရုံမျှမက သိမ်းဆည်းထားသမျှ ဖိုင်တွေကိုစုစည်းလို့မရအောင် အနှောက်အယှက်ဖြစ်စေ နိုင်လို့ မလိုလားအပ်တဲ့ဖိုင်တွေလို့ ဆိုနိုင်ပါတယ်။ ဒီဖိုင်တွေကို ကိုယ်တိုင်ရှင်းချင်ရင်ရှင်း ၊ မရှင်းချင်ရင်လည်း အလိုအလျှောက် ရှင်းနေအောင် စီစဉ်ထားလို့ရပါတယ်။ Start>Run ကိုခေါ်ပြီး gpedit.msc ဆိုပြီး ရိုက်ထည့်ပြီး Enter ခေါက်ပါ။ Computer configuration>Administrative Templates>Windows Components> Terminal Services>Temporary Folder ၊ Do Not Delete Temp Folder Upon Exit ပေါ်မှာ Right Click နိုပ်ပြီး Properties ကိုရွေးလိုက်ပါ။ ပြီးရင် Disable လုပ်လိုက်ပါ။

Memory Performance ကို ပိုမိုကောင်းမွန်စေရန်

Memory ထဲမှာ သိမ်းထားတဲ့ Data တွေကို ဖိုင်သိမ်းထားသလို သပ်သပ်ရပ်ရပ်နဲ့ စီစီရီရီသိမ်းထားနိုင်ရင် အလုပ်လုပ်တဲ့အခါပိုပြီးမြန်ဆန်မှုကို ရရှိစေနိုင်တယ်။ဒီလိုဖြစ်ဖို့ Start>Run ကိုခေါ်လိုက်ပါ။ပြီးရင် Regedit လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။အဲ့ဒီမှာပေါ်လာတဲ့ Windows ထဲက အောက်မှာဖော်ပြထားတဲ့အတိုင်း အဆင့်ဆင့်ရှာလိုက်ပါ။HKEY LOCAL MACHINE\SYSTEM\CurrentControlSet\Control\Session Manager\Memory Management ၊ Memory Management မှာ Disable Paging Executive ကိုတွေ့လိမ့်မယ်။ အဲ့ဒါကို Double Click နဲ့ဖွင့်ပြီး Decimal Value ကို 1 လို့ ပြောင်းပေးလိုက်ပါ။ပြီးရင် Large System Cache ကိုလည်း Double Click နဲ့ဖွင့်ပြီး Decimal Value ကို 1 လို့ထပ်ပြောင်းလိုက်ပါဦး။OS အနေနဲ့ ယခုအချိန်မှာ Memory ကို အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးလိမ့်မယ်။

Saturday, August 16, 2008

Hibernation မလုပ်ပါနဲ့

ဟာ့ဒ်ဒစ်နေရာမရှိဘဲ ကိုယ့်ကွန်ပျူတာကို Hibernation mody ဘယ်တော့မှ မလုပ်မိပါစေနဲ့။ ဟာ့ဒ်ဒစ် Space ကို အများကြီး နေရာယူသွားလိမ့်မယ်။ Control Pannel>Power Options>Hibernate ကို အဆင့်ဆင့် သွား ပါ။Enable Hibernation ကို Uncheck လုပ်လိုက်ပါ။

မျက်စိပသာဒ လျှော့ချရအောင်

ကိုယ့်မှာ Memory များများစားစားမရှိဘူးဆိုရင် Windows 98 နဲ့ 2000 စတိုင် Sisplay ကိုပဲ ရိုးရိုးသုံး လို့ရပါတယ်။ Control Pannel>System ကိုဖွင့်ပြီး Advance tab>Performance အဆင့်ဆင့်ရွေးလိုက်ပါ။ Performance အောက်မှာ Setting ဆိုတာပါတယ်။ Setting ကို Click လုပ်လိုက်ပြီး Adjust for best perfomance ကိုရွေးပေးလိုက်ပါ။ Classic view ကိုရွေးရင်လည်း ရသေးတယ်။

Priorities တွေကို Reset လုပ်ပါ

ပရိုဂရမ်တွေကို Run ရတာ ပိုပြီးမြန်ချင်တယ်ဆိုရင်တော့ Screen အောက်ခြေမှာရှိတဲ့ TaskbarBbar ကို Right- Click လုပ်ပြီးပေါ်လာတဲ့ box ထဲက Task Manager ကိုရွေးလိုက်ပါ။ Task Manager ပေါ်လာရင် Process tab ကိုနိုပ်လိုက်ပါ။ အဲ့ဒီမှာ ကိုယ့်ကွန်ပျူတာထဲမှာရှိတဲ့ ပရိုဂရမ်တွေအစီအရီပေါ်လာလိမ့်မယ်။ ကိုယ်အမြန်နှုန်းမြင့် ချင်တဲ့ ပရိုဂရမ်ပေါ်မှာ Right Click နိုပ်လိုက်ပြီး Priority ကို High လုပ်လိုက်ရင် အမြန်နှုန်းမြင့်ပြီးသားဖြစ်သွား ပါမည်။

File Indexing ကို Disable လုပ်ထားပါ

ဖိုင်တွေရဲ့ နာမည်တွေကို Update ဖြစ်အောင် Disable လုပ်ရင်း ဖိုင်တွေကို ရှာရဖွေရတာ ပိုပြီးတော့ မြန်စေပါ တယ်။ ဖိုင်တွေကို ရှာဖွေတဲ့အလုပ်ကို မကြာမကြာ မလုပ်ဘူးဆိုရင်တော့ ဒီလိုလုပ်ဖို့ မလိုဘူး။ Memory လည်း မစားတော့ဘူး။Disable လုပ်တဲ့နည်းကတော့ Control Pannel>Add/Remove Win-dows Components မှာ Indexing Services ရှေ့က အမှန်ကို ဖြုတ်လိုက်ပါ။

ဖိုင်စနစ်ကိုပြောင်းပါ

FAT32 ဖိုင်စနစ်ကို သုံးနေတယ်ဆိုရင NT (သို့) NTFS ဖိုင်စနစ် ပြောင်းသုံးကြည့်ပါ။ အားလုံးထဲမှာ NTFS စနစ်ဟာ အခိုင်မာဆုံးလို့ ဆိုနိုင်တယ်။ ဟာ့ဒ်ဒစ်တစ်ခုခုဖြစ်လို့ ဖိုင်တွေကိုပြန်ပြီးတော့ရအောင် လုပ်ရမယ် ဆိုရင်တော့ NTFS စနစ်ဟာ အကောင်းဆုံးပဲ။ Sart>All Program> Accessories> Command Prompt ဆိုပြီး အဆင့်ဆင့်သွားလိုက်ပါ။ Command Prompt ပေါ်လာရင် convert e:/fs:ntfs ဆိုတာရိုက်ထည့်ပြီးရင် Enter ခေါက်လိုက်ပါ။

Friday, August 15, 2008

မြန်မာဘလော့ခ် လုပ်နည်းလေးတွေကို လေ့လာရအောင်

မြန်မာဘလော့ခ် လုပ်နည်းလေးတွေကို လေ့လာရအောင် ညီလင်းဆက် စုပေါင်းထားပေးတဲ့ Making Myanmar Blog ကို သွားရောက်လေ့လာပါ...

Visiters Counter

မိမိဘလော့ခ်လေးသို့ လာရောက်လည်ပတ်သူများကို သိရှိရန် အတွက် ဒီနေရာလေးမှ သွားရောက် ရယူပါ။

ယူနီကုတ်စာလုံး ဖွာလန်ကြဲနေရင်

Myanmar Unicode သုံးရင် ကြည့်လို မလှဘူး ဖြစ်နေပါတယ်၊ စာလုံးအနားတွေက ဖွာလန်ကြဲနေ ပါတယ် ဆိုတဲ့ သူငယ်ချင်းများ အတွက်ပါ... သူငယ်ချင်းတစ်ယောက်က ပြောတယ်ဗျ... မင်းယူနီကုတ်စာလုံးက ဖွာထွက် နေတာပဲ မကြိုက်ဘူးတဲ့...၀င်းအင်းဝကမှ လှတာတဲ့...ကျတော်က ဟာကျတော့်ဆီမှာ ၀င်းအင်းဝ ထက်တောင် ပိုလှတယ်ပြောတာကို သူမယုံပါဘူး...ကျတော် ရန်ကုန်သွားရတော့ အဲဒီက ကွန်ပျူတာကိုင်တော့မှ သူပြောတဲ့ အတိုင်း စာလုံးတွေ ဖွာနေတာကို တွေ့ရပါတယ်... အဖြေရှာကြည့်တော့ အောက်ကအတိုင်း လုပ်လိုက်တာ အဆင်ပြေသွားတာကို တွေ့ရပါတယ်...

၁ - Control Panel ထဲက Display Properties ထဲဝင်ပါ... ( Desktop ရဲ့ လွတ်နေတဲ့ နေရာမှာ right click လုပ်ပြီး Properties ကိုရွေးရင်လည်း Display Properties ထဲကို ရောက်ပါတယ်...)
၂ - Apperance tab ထဲက Effect button ကို click နှိပ်ပါ...
၃ - Use the following method to smooth edges of screen font ဆိုတဲ့ စာသားရှေ့မှာ ရှိတဲ့ လေးထောင့် အကွက်ထဲမှာ အမှန်ခြစ်ရှိအောင် ကလစ်လုပ်ပါ...
၎ - ပြီးရင် အောက်ကပ်လျှက် List box ထဲမှာ ClearType ကို ပြောင်းပေးပါ...
၅ - အဲဒါဆိုရင်ရပါပြီ... OK button တွေကို ကလစ်လုပ်သွားလိုက်ပါ...

မောင်လှရဲ့ ဒိုင်ယာရီ ဘလော့ခ်လေးမှ ကူးယူတင်ပြခြင်းဖြစ်ပါသည်။ ကိုမောင်လှအား ကျေးဇူးတင်စွာဖြင့်။