Sunday, December 28, 2008

winomc.exe ဆိုတဲ့ ဗိုင်းရပ်တွေကို သတ်ပေးမဲ့ program

ကိုယ်ရဲ့ ကွန်ပြူတာထဲကို အခြား Pen Drive တွေထဲက လာတက်ရင် ဗိုင်းရပ်တွေပါလာတက်ပါတယ် Antivirus နဲ. Scan စစ်ရင်လဲ ကြာမှာဆိုးတဲ့သူတွေ အတွက် ကျွန်တော် ရေးထားတဲ့ Removeable Drive တွေထဲက Autorun.inf နဲ. Svchot.exe, fun.exe, flashy.exe, explorcr.exe(Happy Birtheay virus), winomc.exe ဆိုတဲ့ ဗိုင်းရပ်တွေကို သတ်ပေးမဲ့ program လေးပါ။ Mp3 Player တို. Pen Drive တို. ကွန်ပြူတာမှ တက်ပြီးတာနဲ. ဒီ program လေးကို Run လိုက်။ ၁ စက်ကန်.လောက်ပဲကြာမယ်။ အဲဒါလေးကို ဒီမှာယူ။ http://www.mr-pyaesone.co.cc/ မှ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

ဘမ်းထားခြင်းခံရသည့် ဘလော့ခ်များကြည့်မယ်

တခြားဘလော့တွေကို ကြည့်ချင်ပေမယ့် ဘမ်းထားတော့ ကြည့်လို.မရဘူးဖြစ်နေလား။ ဒီ Ultrasurf ဆိုတဲ့ ဟာလေးကို Run လိုက်။ ပထမပိုင်းဖွင့်ဖွင့်ချင်း နဲနဲ ကြာနေလိမ့်မယ်၊ ကွန်နက်ရှင် ရသွားပြီးလဲ ပုံမှန်ဖွင့် တာထက်တောင် ပိုမြန်နေသေးတယ်။ ကျော်ချင်သလိုကျော် ခွချင်သလိုခွပေတော့ဗျို.။ http://www.mr-pyaesone.co.cc/ မှ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

အရမ်းသောင်းကြမ်းနေတဲ့ praviteCam.exe(chrome.exe)

အခုတလော အရမ်းသောင်းကြမ်းနေတဲ့ praviteCam.exe(chrome.exe) ဆိုတဲ့ ဂျီတော့မှာ ကိုယ်ကစာမရိုက်ပဲနဲ. သူ.ဘာသာ စာတွေလိုက်ပိုတဲ့ ဗိုင်းရပ်ကို သတ်တဲ့နည်းကို မိုက်ကရိုဆော့ဝက် 2003 နဲ.ရေးပြီး တင်ထားပါတယ်။ အဲဒီနည်းလေးကို သိရင်တော့ နောက်ဆိုရင် ဘယ်ဗိုင်းရပ်ဖြစ်ဖြစ် သိပ်မှုစရာမလိုတော့ဘူးပေါ့။ လေ့လာချင်တဲ့ သူတွေအတွက် ဒီနေရာမှာ ကလစ်နှိပ်ပြီး ဒေါင်းလော့လုပ်လို.ရပါတယ်။ http://www.mr-pyaesone.co.cc/ မှ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

Saturday, December 27, 2008

Windows Vista မှာ ကွန်ပြူတာ ပိတ်ချင်ရင်

Windows Vista မှာ ကွန်ပြူတာ ပိတ်ချင်ရင် Start ထဲက arrow လေးနှိပ်ပြီး နှစ်ဆင့်ဝင် shutdown လုပ်နေရသလား။ ဒီနည်းလေးစမ်းကြည့်ပါလား။

- Control Panel ထဲက Power Options ကိုသွား
- Change plan settings ကို click လုပ်
- အဲဒီကမှ Change advanced power settings ကို click လုပ်၊ dialog box အသစ်တက်လာလိမ့်မယ်
- အဲဒီကမှ Tree view ထဲမှာ Power buttons and lid ဘေးက + sign ကိုဖွင့်၊ Power button action ကိုထပ်ဖွင့်
- Settings: မှာ "Sleep" အစား "Shutdown" ကိုရွေး၊ OK နိပ်
- အဲဒါဆို အောက်ကလို Power button ကို တချက်နိပ်ရုံနဲ့ Shutdown လုပ်လို့ရပြီ :)
http://www.mr-pyaesone.co.cc/ မှ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

Run ဘောက်စ် လေးမပေါ်ရင်

my computer ကိုဖွင့် address bar မှာ C:\WINDOWS\system32\gpedit.msc လိုရိုက်ပြီး Enter ခေါက်၊ Group Policy ဘောက်စ်ပေါ်လာလိမ့်မယ်။ User configuration => Administrative Templates => Start Menu and Task Bar ဆိုတာပေါ်မှာ select မှက်လိုက်။ ညာဘက်ခြမ်းမှာ Remove Run Menu from Start Menu ဆိုတဲ့ စာကြောင်းပေါ်မှာ ကလစ်နှစ်ချက်နှိပ်။ Disabled ဆိုတာကို ရွေးပြီး Apply , Ok ပေါ့။ ဒါဆိုရင်တော့ Run လေးပေါ်လာပါလိမ့်မယ်။ Run ကို start => run ဆိုပြီးမသွားချင်ရင်window ကီးရယ် R ကီးရယ်ကို တွဲပြီးနှိပ်လို.ရပါတယ်။ http://www.mr-pyaesone.co.cc/ မှပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

Task Manager ပျောက်နေရင်

  • နောက်တခါ Task Manager ပျောက်နေတာလေး ပြန်ခေါ်ချင်တယ်ဆိုရင်တော့ Start => Run ထဲမှာ gpedit.msc ဆိုပြီး Enter ခေါက်။ Group Policy Editor ပေါ်လာလိမ့်မယ်။ အဲဒီမှာ User Configuration => Administrative Templates => system => Ctrl+Alt+Del Options မှာ select လုပ်လိုက်ရင် ညာဘက်ချမ်းမှာ Remove Task Manager ဆိုတာပေါ်မှာ ကလစ်နှစ်ချက်နှိပ် Disabled ဆိုတာကို ရွေးပေးပါ။ ပြီးရင် Apply ရယ် OK ရယ်ကိုနှိပ်ပေးပါ။ Group Policy ကိုပိတ်လိုက်ပါ။ အဲဒါမှ ပြန်မပေါ်သေးဘူးဆိုရင် ခုနကလမ်းကြောင်း အတိုင်းပြန်ဝင် Remove Task Manager ကိုရောက်ရင် ကလစ်နှစ်ချက်နှိပ်ပြီး Not configured ကိုပြန်ရွေးပေးရပါမယ်။ ဒါဆိုရင်တော့ ကျိန်းသေ ပြန်ပေါ်လာပါလိမ့်မယ်။ http://www.mr-pyaesone.co.cc/ မှပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

  • Registry Editor ခေါ်လို.မရရင်



    တကယ်လို.များ Run ထဲမှာ regedit လို.ရိုက်တာ Registry Editor ပေါ်မလာပဲ Error ကျလာပြီဆိုရင်တော့ Registry Editor ကို အန်နေဘယ် ပြန်လုပ်ပေးလို.ရပါတယ်။ ပြန်လုပ်ပေးဖို.ရာ။ Start => Run ထဲမှာ gpedit.msc ဆိုပြီး Enter ခေါက်။ Group Policy Editor ပေါ်လာလိမ့်မယ်။ အဲဒီမှာ User Configuration => Administrative Templates => system ဆိုတာပေါ်မှာ select မှက်လိုက်ရင် ညာဘက်ချမ်းမှာ Pervent Access to registry editing tools ပေါ်မှာ ကလစ်နှစ်ချက်နှိပ် ပါ။ Enabled ဆိုတာကိုရွေးပေးပါ။ Apply ရယ် OK ရယ်ကိုနှိပ်ပေးပါ။ Group Pokicy Editor ကိုပါပိတ်လိုက်ပါ။ အဲဒါမှာ Registry ကိုခေါ်လို.မရသေးဘူးဆိုရင် ခုနက လမ်းကြောင်းအတိုင်း ပြန်ဝင်ပြီး Enabled လို.ရွေးခဲ့တဲ့နေရာမှာ Not configured ဆိုတာကိုပြန်ရွေးပေးပါ။ ဒါဆိုရင်တော့ တကယ် Registry ပြန်ခေါ်လို. ရသွားပါလိမ့်မယ်။ http://www.mr-pyaesone.co.cc/ မှပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

    Folder Option ပျောက်နေရင်



    ကျွန်တော်တို.ကွန်ပြူတာတွေမှာ အဖြစ်များတဲ့ Folder Option ပျောက်နေတာ လေးတွေကို ပြန်ဖော်တဲ့ နည်းလေး အရင်ပေးကြည့်မယ်။ တကယ်လို. ခင်ဗျားကွန်ပြူတာမှာ Folder Option ပျောက်နေပြီဆိုရင် ဒီအတိုင်းစလုပ်ရမှာပါ။ ပထမဦးဆုံး Start Menu => Run => အဲဒီ ဘောက်လေးပေါ်လာပြီဆိုရင် regedit လို.ရိုက်ပြီး Enter ခေါက်။ Registry Editor ပေါ်လာပါလိမ့်မယ်။ အဲဒီအခါမှာ ကျွန်တော်ပြောတဲ့ လမ်းကြောင်းအတိုင်း ဆက်သွားပါ။ Registry Editorထဲက My computer => HKEY_CURRENT_USER => software => Microsoft => windows => Current version => Policies => Explorer မှာ ညာဘက်ကလစ်နှိပ်ပြီး New => DWORD Value ဆိုတာကိုရွေးပေးပါ။ New value တစ်ခု ညာဘက်ချမ်းမှာ ပေါ်လာပါလိမ့်မယ်။ အဲဒီပေါ်မှာ ညာဘက်ကလစ်နှပ်ပြီး Modify ဆိုပြီးပြောပါ။ Value data မှာ 0 ဆိုရင် ရပါပြီ။ အဲဒါမှ Folder Option ပြန်မပေါ်လာသေးဘူး ဆိုရင် ၀င်းဒို Restart ချလိုက်ရင် ပြန်တက်လာတဲ့ အခါ Folder Option ကိုပြန်တွေ.ရပါလိမ့်မယ်။ http://www.mr-pyaesone.co.cc/ မှ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။