e.g.,
ရန်ကုန်ကိုခေါ်မယ်ဆိုရင်... Call 951xxxxxx ကို ထည့်ရိုက်လိုက်ရုံပါပဲ... ( 987654 ဆိုရင် Call 951987654 )
မန္တလေးဆိုရင်တော့ .. Call 952xxxxx စသဖြင့်ပေါ့... (12345 ဆိုရင် Call 95212345 ) GSM လား... Call 9595xxxxxx (09 500 1234 ဆိုရင် Call 9595001234 ) CDMA လိုချင်သေးလား.. Call 9598xxxxxx (09 80 11111 ဆိုရင် Call 9598011111 ) * x represents 1 digit.
သင်နှောင့်ချင်တာက အင်္ဂလန်ကလား...
Landline နံပါတ်တွေဖြစ်တဲ့ ဥပမာ 02012345678 ဆိုရင်.. Call 442012345678 ပေါ့နော့်...
စင်္ကာပူလား.. ရတယ်လေ...
Mobile ဖြစ်တဲ့ ဥပမာ 091234567 ဆိုရင်.. Call 6591234567 ပေါ့ဗျာ...
သူ့ဆိုင်ရာ ဆိုင်ရာ country code လေးတွေတော့ မှတ်ထားပေါ့... ( မြန်မာက 95 .. စင်္ကာပူက 65 .. အင်္ဂလန်က 44 စသဖြင့်ပေါ့..)
ဥပမာအနေနဲ့ နံပါတ်တွေရေးပေးထားတာပါ.. ဒီနံပါတ်တွေက ရှိရင် ရှိမယ်.. တိုက်ဆိုင်သွားရင်လည်း ဥပမာအနေနဲ့ ဖော်ပြမိတာကို ခွင့်လွှတ်ကြပါကုန်...
ဒါကို ဒီလိုဖုန်းသရဲလုပ်ဖို့ လုပ်နိုင်သလို.. တစ်ဖက်ကလူကို Online ပေါ်တက်စေချင်ရင်လည်း သုံးနိုင်တာပေါ့..
ဒါပေမယ့် ကြိုတော့ ဇာတ်တိုက်ထားပေါ့...
ငါနင့်ကို ဒီ TringMe နဲ့ သုံးခါဆက်တိုက်ခေါ်မယ်... အဲ့ဒါဆိုရင် ငါ့ကို online ပေါ်ကို အမြန်ဆုံး ချက်ချင်း လာတွေ့ဆိုတဲ့ အဓိပ္ပါယ်လို့ မှတ်ထားပေါ့... ဒါမျိုးလေးတွေပေါ့နော့်...
TringMe ကခေါ်ရင် သိသာတာကတော့ ဖုန်းက နံပါတ်မပေါ်ပါဘူး.. Handphone ကို ခေါ်ရင် Private Number (သို့) Call လို့ပဲ ပေါ်ပါတယ်..
ဘယ်သူက ဘယ်ကနေခေါ်မှန်းလည်း မသိပါဘူး... သူတို့ Website ကတော့ သိမှာပေါ့...
ဒါဆိုရင် Gtalk ကနေ ဖုန်းသရဲလုပ်ချင်ရင်ဖြစ်ဖြစ်..
Online ပေါ်တက်ဖို့ အချိန်းအချက်အနေနဲ့ အခမဲ့ Missed Call ချန်ချင်ရင် ဖြစ်ဖြစ်လုပ်လို့ရပြီပေါ့...
ပျော်ရွှင်နိုင်ကြပါစေ...
ပလန်းနက် ဖိုရမ်က တစ်တီတူး ရေးထားခြင်းဖြစ်ပါသည်။