Monday, February 9, 2009

ကြိုတင် သတိပေး ၀န်ခံချက်

ကျွန်တော်ရဲ့ ဘလော့ခ်လေးကို လာရောက်လည်ပတ်တဲ့ ဘလော့ခ်ချစ်သူများကို ဦးစွာပထမ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပါစေလို့ နှုတ်ခွန်းဆက်ပါတယ်။ ဒီဘလော့ခ်လေးမှာ ကျွန်တော်ကိုယ်ပိုင်ရေးတင်ထားတဲ့ ပို့စ် မရှိပါဘူး။ အခုခတ်မှာ တစ်ချို့သောဘလော့ခ်ဂါများက သူတို့ရဲ့ဘလော့ခ်လေးတွေမှာ ကိုယ်စိတ်ထဲက ခံစားချက် များကို ရင်ဖွင့်တဲ့အနေနဲ့ ရင်ဖွင့်စာများရေးသားပြီး ပို့စ် အဖြစ် ရေးတင်ကြပါတယ်၊ အမျိုးမျိုးပေါ့ဗျာ။ ကျွန်တော် ကတော့ ဒီဘလော့ခ်လေးမှာ အိုင်တီနဲ့ပတ်သတ်တဲ့ ဗဟုသုတလေးတွေ၊သိမှတ်ဖွယ်ရာလေးတွေကို တစ်ခြား ဘလော့ခ်များမှ လေ့လာဖတ်ရှုပြီး ကောင်းနိုးရာရာများကို ပြန်လည်စုစည်းဖော်ပြထားခြင်းပဲဖြစ်ပါတယ်။ မူရင်း ရေးသားထားသော ဘလော့ခ်များကိုလည်း ပြန်လည်ဖော်ပြထားပါတယ်။ မူရင်း ပို့စ် ပိုင်ရှင်များကို အထူးကျေးဇူး တင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။