ကိုယ်ရဲ့ ကွန်ပြူတာထဲကို အခြား Pen Drive တွေထဲက လာတက်ရင် ဗိုင်းရပ်တွေပါလာတက်ပါတယ် Antivirus နဲ. Scan စစ်ရင်လဲ ကြာမှာဆိုးတဲ့သူတွေ အတွက် ကျွန်တော် ရေးထားတဲ့ Removeable Drive တွေထဲက Autorun.inf နဲ. Svchot.exe, fun.exe, flashy.exe, explorcr.exe(Happy Birtheay virus), winomc.exe ဆိုတဲ့ ဗိုင်းရပ်တွေကို သတ်ပေးမဲ့ program လေးပါ။ Mp3 Player တို. Pen Drive တို. ကွန်ပြူတာမှ တက်ပြီးတာနဲ. ဒီ program လေးကို Run လိုက်။ ၁ စက်ကန်.လောက်ပဲကြာမယ်။ အဲဒါလေးကို ဒီမှာယူ။ http://www.mr-pyaesone.co.cc/ မှ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။
Sunday, December 28, 2008
ဘမ်းထားခြင်းခံရသည့် ဘလော့ခ်များကြည့်မယ်
တခြားဘလော့တွေကို ကြည့်ချင်ပေမယ့် ဘမ်းထားတော့ ကြည့်လို.မရဘူးဖြစ်နေလား။ ဒီ Ultrasurf ဆိုတဲ့ ဟာလေးကို Run လိုက်။ ပထမပိုင်းဖွင့်ဖွင့်ချင်း နဲနဲ ကြာနေလိမ့်မယ်၊ ကွန်နက်ရှင် ရသွားပြီးလဲ ပုံမှန်ဖွင့် တာထက်တောင် ပိုမြန်နေသေးတယ်။ ကျော်ချင်သလိုကျော် ခွချင်သလိုခွပေတော့ဗျို.။ http://www.mr-pyaesone.co.cc/ မှ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။
အရမ်းသောင်းကြမ်းနေတဲ့ praviteCam.exe(chrome.exe)
အခုတလော အရမ်းသောင်းကြမ်းနေတဲ့ praviteCam.exe(chrome.exe) ဆိုတဲ့ ဂျီတော့မှာ ကိုယ်ကစာမရိုက်ပဲနဲ. သူ.ဘာသာ စာတွေလိုက်ပိုတဲ့ ဗိုင်းရပ်ကို သတ်တဲ့နည်းကို မိုက်ကရိုဆော့ဝက် 2003 နဲ.ရေးပြီး တင်ထားပါတယ်။ အဲဒီနည်းလေးကို သိရင်တော့ နောက်ဆိုရင် ဘယ်ဗိုင်းရပ်ဖြစ်ဖြစ် သိပ်မှုစရာမလိုတော့ဘူးပေါ့။ လေ့လာချင်တဲ့ သူတွေအတွက် ဒီနေရာမှာ ကလစ်နှိပ်ပြီး ဒေါင်းလော့လုပ်လို.ရပါတယ်။ http://www.mr-pyaesone.co.cc/ မှ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။
Saturday, December 27, 2008
Windows Vista မှာ ကွန်ပြူတာ ပိတ်ချင်ရင်
Windows Vista မှာ ကွန်ပြူတာ ပိတ်ချင်ရင် Start ထဲက arrow လေးနှိပ်ပြီး နှစ်ဆင့်ဝင် shutdown လုပ်နေရသလား။ ဒီနည်းလေးစမ်းကြည့်ပါလား။
- Control Panel ထဲက Power Options ကိုသွား
- Change plan settings ကို click လုပ်
- အဲဒီကမှ Change advanced power settings ကို click လုပ်၊ dialog box အသစ်တက်လာလိမ့်မယ်
- အဲဒီကမှ Tree view ထဲမှာ Power buttons and lid ဘေးက + sign ကိုဖွင့်၊ Power button action ကိုထပ်ဖွင့်
- Settings: မှာ "Sleep" အစား "Shutdown" ကိုရွေး၊ OK နိပ်
- အဲဒါဆို အောက်ကလို Power button ကို တချက်နိပ်ရုံနဲ့ Shutdown လုပ်လို့ရပြီ :)
http://www.mr-pyaesone.co.cc/ မှ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။
Run ဘောက်စ် လေးမပေါ်ရင်
my computer ကိုဖွင့် address bar မှာ C:\WINDOWS\system32\gpedit.msc လိုရိုက်ပြီး Enter ခေါက်၊ Group Policy ဘောက်စ်ပေါ်လာလိမ့်မယ်။ User configuration => Administrative Templates => Start Menu and Task Bar ဆိုတာပေါ်မှာ select မှက်လိုက်။ ညာဘက်ခြမ်းမှာ Remove Run Menu from Start Menu ဆိုတဲ့ စာကြောင်းပေါ်မှာ ကလစ်နှစ်ချက်နှိပ်။ Disabled ဆိုတာကို ရွေးပြီး Apply , Ok ပေါ့။ ဒါဆိုရင်တော့ Run လေးပေါ်လာပါလိမ့်မယ်။ Run ကို start => run ဆိုပြီးမသွားချင်ရင်window ကီးရယ် R ကီးရယ်ကို တွဲပြီးနှိပ်လို.ရပါတယ်။ http://www.mr-pyaesone.co.cc/ မှပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။
Task Manager ပျောက်နေရင်
Registry Editor ခေါ်လို.မရရင်
Folder Option ပျောက်နေရင်
Subscribe to:
Posts (Atom)