Monday, September 15, 2008

Gtalk ကနေ Worldwide ဖုန်းသရဲလုပ်ကြရအောင် (ဖရီး ဖရီးနော်..)

ပလန်းနက် ဖိုရမ်က တစ်တီတူး ရေးထားတဲ့ ဘလော့ခ်လေးပါ ... ဟာပိုက်ဆံတွေ ကုန်သွားမှာပေါ့... အလကား ရပါ့မလား ဆိုတဲ့ မေးခွန်းတွေအတွက်တော့ ဒါလား... လွယ်ပါတယ်... http://www.tringme.com/ မှာ Gmail Account နဲ့ Sign Up လုပ်လိုက်ပါ.. ဘာမှဖြည့်စရာ မလိုပါဘူး... သင့်အတွက် နာမည်တစ်ခုရယ်.. သင့်မေးလ်လိပ်စာလေးပဲ ထည့်လိုက်ရုံပါပဲ... ပြီးရင် သူတို့ဆီကနေ သင့် Mail ဆီကို အကောင့်ကို ပြုလုပ်ပြီးဖြစ်ကြောင်းနဲ့ Login အတွက် သင်သုံးရမယ့် Password တစ်ခုကို ပို့ပေးပါလိမ့်မယ်... ဒါဆိုရင်တော့ ပြီးပြီပေါ့.... ကျန်တာကတော့ သင့်ရဲ့ Gtalk ကို ဖွင့်လိုက်ပါ.. (စောစောက အကောင့်လုပ်ထားတဲ့ Gmail လိပ်စာဖြစ်ဖို့တော့ လိုမယ်နော်...) နောက်ပြီး ရင်တော့ tringme@gmail.com ကို Invite လုပ်လိုက်ပါ.. စက္ကန့်ပိုင်းအတွင်းမှာ သင့်ကို Add လုပ်ပါလိမ့်မယ်.. ကဲ..... ဖုန်းသရဲလုပ်လို့ရပါပြီ..... Online မှာ မီးစိမ်းလေးနဲ့ ပြနေမယ့် TringMe Account က သင့် Gtalk Friend list မှာ ပေါ်နေပြီပေါ့... TringMe ကို Gtalk ကနေ ပုံမှန် Chat နေကြပုံစံနဲ့ပဲ .. Double Click လိုက်ပါ... ပြီးရင်တော့ သင်စာရိုက်တဲ့နေရာမှာပဲ... Call ကို ရိုက်ထည့်လိုက် ရင်.. သင့်ကို TringMe ကနေ Auto ငုတ်တုတ် Gtalk ကနေပဲ Voice Chat ပြန်ခေါ်ပါလိမ့်မယ်... Answer နှိပ်လိုက်တာနဲ့ သင်ရိုက်ထည့်ထားတဲ့ ဖုန်းနံပါတ်ကို TringMe က စခေါ်နေပါပြီ... တကယ်လို့ သင်ဆက် လိုက်တဲ့ ဖုန်းနံပါတ် ပိုင်ရှင်က ဟိုဘက်ကနေ လာကိုင်လိုက်တာနဲ့ ဖုန်းကပြန်ကျသွားပါမယ်.. ဒါကတော့ ပိုက်ဆံပေးရတဲ့ အပိုင်းဖြစ်သွားပါပြီ... ဖုန်းကို ခေါ်ဆိုရုံပဲလုပ်တဲ့အတွက်.. ဖုန်းသရဲလုပ်ဖို့တော့ အဆင်ပြေ ပါတယ်... ကိုယ့်ဖုန်းနဲ့ လည်း ကိုယ့်ဘာသာစမ်းသပ်နိုင်ပါတယ်... (Toll မတက်... Totally Free ဖြစ်ပါတယ်..) တစ်ခုအရေးကြီးတာ ကတော့ Call နောက်က ဖုန်းနံပါတ်ကတော့ နိုင်ငံကုဒ်တွေပါ ထည့်သွင်းပေးဖို့ပါ.. ဘယ်တွေကို ခေါ်လို့ရသလဲ ဆိုရင် .. တစ်ကမ္ဘာလုံးက ဖုန်းတွေကို ဖုန်းခေါ်လို့ရပါတယ်..
e.g.,

ရန်ကုန်ကိုခေါ်မယ်ဆိုရင်... Call 951xxxxxx ကို ထည့်ရိုက်လိုက်ရုံပါပဲ... ( 987654 ဆိုရင် Call 951987654 )

မန္တလေးဆိုရင်တော့ .. Call 952xxxxx စသဖြင့်ပေါ့... (12345 ဆိုရင် Call 95212345 ) GSM လား... Call 9595xxxxxx (09 500 1234 ဆိုရင် Call 9595001234 ) CDMA လိုချင်သေးလား.. Call 9598xxxxxx (09 80 11111 ဆိုရင် Call 9598011111 ) * x represents 1 digit.

သင်နှောင့်ချင်တာက အင်္ဂလန်ကလား...
Landline နံပါတ်တွေဖြစ်တဲ့ ဥပမာ 02012345678 ဆိုရင်.. Call 442012345678 ပေါ့နော့်...

စင်္ကာပူလား.. ရတယ်လေ...
Mobile ဖြစ်တဲ့ ဥပမာ 091234567 ဆိုရင်.. Call 6591234567 ပေါ့ဗျာ...
သူ့ဆိုင်ရာ ဆိုင်ရာ country code လေးတွေတော့ မှတ်ထားပေါ့... ( မြန်မာက 95 .. စင်္ကာပူက 65 .. အင်္ဂလန်က 44 စသဖြင့်ပေါ့..)
ဥပမာအနေနဲ့ နံပါတ်တွေရေးပေးထားတာပါ.. ဒီနံပါတ်တွေက ရှိရင် ရှိမယ်.. တိုက်ဆိုင်သွားရင်လည်း ဥပမာအနေနဲ့ ဖော်ပြမိတာကို ခွင့်လွှတ်ကြပါကုန်...

ဒါကို ဒီလိုဖုန်းသရဲလုပ်ဖို့ လုပ်နိုင်သလို.. တစ်ဖက်ကလူကို Online ပေါ်တက်စေချင်ရင်လည်း သုံးနိုင်တာပေါ့..
ဒါပေမယ့် ကြိုတော့ ဇာတ်တိုက်ထားပေါ့...
ငါနင့်ကို ဒီ TringMe နဲ့ သုံးခါဆက်တိုက်ခေါ်မယ်... အဲ့ဒါဆိုရင် ငါ့ကို online ပေါ်ကို အမြန်ဆုံး ချက်ချင်း လာတွေ့ဆိုတဲ့ အဓိပ္ပါယ်လို့ မှတ်ထားပေါ့... ဒါမျိုးလေးတွေပေါ့နော့်...
TringMe ကခေါ်ရင် သိသာတာကတော့ ဖုန်းက နံပါတ်မပေါ်ပါဘူး.. Handphone ကို ခေါ်ရင် Private Number (သို့) Call လို့ပဲ ပေါ်ပါတယ်..
ဘယ်သူက ဘယ်ကနေခေါ်မှန်းလည်း မသိပါဘူး... သူတို့ Website ကတော့ သိမှာပေါ့...
ဒါဆိုရင် Gtalk ကနေ ဖုန်းသရဲလုပ်ချင်ရင်ဖြစ်ဖြစ်..
Online ပေါ်တက်ဖို့ အချိန်းအချက်အနေနဲ့ အခမဲ့ Missed Call ချန်ချင်ရင် ဖြစ်ဖြစ်လုပ်လို့ရပြီပေါ့...

ပျော်ရွှင်နိုင်ကြပါစေ...
ပလန်းနက် ဖိုရမ်က တစ်တီတူး ရေးထားခြင်းဖြစ်ပါသည်။

Monday, September 8, 2008

အင်တာနက်ဂျာနယ်

အရင်တစ်ပတ်က အင်တာနက်ဂျာနယ်ဝယ်ဖတ်ရင်းနဲ့ ဂျာနယ်မျက်နှာဖုံးမှာ ၀က်ဘ်ဆိုက်နာမည်တွေ့တာနဲ့ ၀င်ကြည့်မိပါတယ်။ အရင်က ကွန်ပျူတာ မဂ္ဂဇင်းတွေအဖြစ်ထုတ်ဝေနေတဲ့ pcworld နဲ့ pcmagazine တို့ကိုသာ အင်္ဂလိပ်လို အင်တာနက်မှာ တင်ထားပေမယ့် အခု တော့ မြန်မာဘာသာနဲ့အင်တာနက်ဂျာနယ်လာပါပြီ။ ကွန်ပျူတာနဲ. ပတ်သက်တဲ. အကြောင်းအရာမျိုးစုံကို သေသပ်ကျနအောင် စုံလင်စွာ တင်ပြထားတာကို တွေ.ရပါတယ်။ အရင့်အရင်က ထုတ်ခဲ့တဲ့ အင်တာနက်ဂျာနယ်တွေကိုလည်း PDFနဲ. ကြည်. လို.ရအောင် စီစဉ်ပေးထား ပါတယ်။ ၀က်ဘ်ဆိုက်ကတော့ www.myanmarinternetjournal.com ပါ။

ကိုယ်သေမယ့် နေ့ကို ကြိုသိနိုင်ပြီ

အခုလို အင်တာနက်ခေတ်၊ ကွန်ပျူတာခေတ်မှာ ကိုယ်သေမယ်.နေ.ကိုတောင် ကြိုသိနိုင်ပါပြီ (မှန်မမှန်တော့ မသိပါ)။ လိပ်စာက http://www.deathclock.com/index.cfm ပါ။ သွားရောက်စမ်းသပ်ကြည်.ကြပါဦး။

Monday, September 1, 2008

Removable Disk Icon ပြောင်းလဲခြင်း

ကျွန်တော်တို့ လူငယ်တွေတော်တော်များများဆီမှာ MP3 Player ၊ MP4 Player ၊ Memory Stick တွေ အသီးသီး ကိုင်ဆောင်ထားကြပါတယ်။ အဲဒါတွေ ကွန်ပျူတာနဲ့တွဲတဲ့အခါ My Computer မှာ Removalbe Disk လို့ပေါ်လာတယ်။ ဒါပေမဲ့ Icon ကြီးက မလှဘူး။ အဲဒီ Icon အစား ကျွန်တော်တို့ ကိုယ့်ဓာတ်ပုံလေးကို ထည့်ကြည့်ရအောင်။
အောက်မှာ ပြထားတဲ့ ပုံလေးလိုပေါ့။


လိုအပ်သော Software များ
၁။ IconWorkshop
၂။ Notepad

ပထမဆုံး မိမိပုံကို Icon အဖြစ်ပြောင်းလဲခြင်း

၁။ Iconworkshop ဆိုတဲ့ Program လေးကို ကွန်ပျူတာမှာ Install လုပ်ပါ။ Program ကို ဖွင့်ပါ။
၂။ File>Open ကို နှိပ်ပါ။ ကိုယ့်ဓာတ်ပုံကို ရွေးပါ။ Open ကို နှိပ်ပါ။
၃။ ပုံပွင့်လာရင် Ctrl+A နှိပ်ပါ။ ပြီးရင် Keyboard ကနေ I ကို နှိပ်ပါ။
၎။ Extra Format Area မှာ 128*128 ကို အမှန်ခြစ်ပေးပါ။
၅။ ပြီးရင် OK နှိပ်ပါ။ File ကနေ Save ကို နှိပ်ပါ။
၆။ သိမ်းမယ့်နေရာကို ကိုယ့်ရဲ့ Memory Stick နေရာကို ရွေးပေးပါ (G: တို့ F: တို့ ဖြစ်ဖို့များပါတယ်)။ Subfolder ထဲမသိမ်းပါနဲ့။ File Name ပေးပါ။ Save ကို နှိပ်ပါ။
ဒါဆိုရင် ဓာတ်ပုံကနေ Icon ပြောင်းတဲ့ လုပ်ငန်းစဉ် ပြီးသွားပါပြီ။

နောက်တစ်ဆင့်အနေနဲ့ MP3 MP4 Memory Stick ထဲထည့်ကြည့်ရအောင်

၁။ Notepad ကို ဖွင့်ပါ။
၂။ [Autorun]
icon=xxx.ico လို့ရိုက်ပါ။ xxx တွင် အစောက ပြောင်းထားသော icon file name ကို အစားသွင်းရပါမည်။
၃။ File မှ Save ကိုနှိပ်ပါ။ သိမ်းမည့်နေရာကို Memory Stick ၏နေရာ ရွေးပေးပါ။ Subfolder ထဲ မသိမ်းပါနှင့်။
၎။ File name ကို autorun.inf လို့ ရိုက်ပြီး Save ကို နှိပ်ပါ။

ဒါဆိုပြီးသွားပါပြီ။ Memory Stick ကို ဖြုတ်ပါ။ Computer တွင် ပြန်တပ်ပါ။ My Computer ကိုဖွင့်ကြည့်လိုက်ပါဦး။

To Login automatically to a user account

စက်စတက်တက်ခြင်းမှာ Windows login box လေးတက်တက်လာပြီးတော့ Enter ခေါက်ပြီးမှဝင်နေရတယ်။ အောက်ပါ ပုံစံလေးကိုကြည့်ပါ။


Windows Login box
-----------------------
user name : Administrator
Password : blank
-----------------------
Click 'Enter' .


ဒီ Windows Login box လေးကိုဖျောက်ထားလိုတယ်ဆိုရင် run box မှာ ဒီလိုလေးရိုက်ပါ။

1. Start --- Run .
2. control userpasswords2 ရိုက်ပါ။
3. Enter ခေါက်ပါ။
4. automatically log လုပ်လိုတဲ့ user ကိုရွေးပါ ပြီးရင် uncheck လုပ်ပါ။

" Users must enter a username and password to use this computer"
5. Apply ကိုနှိပ်ပါ။
6. Ok ကိုနှိပ်ပါ။

စက်ကို restart လုပ်ပြီး windows login box ထပ်ပေါ်မပေါ် စမ်းကြည့်ပါ။

အဆင်ပြေပါစေ။ http://kyawnux.blogspot.com/ မှ ပြန်လည်ကူးယူ ဖောက်သည် ချခြင်းဖြစ်ပါသည်။

Windows Boot Time မြန်ဆန်အောင် လုပ်ဆောင်ခြင်း

Windows boot time ကိုနှောင့်နှေးကြန့်ကြာစေတဲ့ နောက်တစ်ခုကတော့ C:\windows\prefetch ထဲရှိဖိုင် တွေ ပါပဲ။ Prefetch Folder ထဲမှာရှိတဲ့ဖိုင်တွေဟာ သုံးနေကျ program များကို ဖွင့်ယူတဲ့အခါမှာ ပိုမိုမြန်ဆန်မှု ရှိစေဖို့ အတွက် Program တွေကို ကြိုတင်ခေါ်ယူထားပေးတာပါ။ အဲဒီဖိုင်တွေများလာမယ်ဆိုရင် Windows Boot Time ကိုကြာရှည်စေမှာဖြစ်ပါတယ်။ Prefetch ဖိုဒါရှိ Prefetch ဖိုင်များကို ဖျက်ပေးရပါမည်။


နောက်တစ်နည်းမှာ-
1. Start ---- Run ---- Prefetch ရိုက် Enter ခေါက်ပါ။
2. Ctrl+A ဖြင့် all selection လုပ်ပြီး Delete နှိပ်ဖျက်နိုင်ပါသည်။
http://kyawnux.blogspot.com/ မှ ပြန်လည်ကူးယူ ဖောက်သည် ချခြင်းဖြစ်ပါသည်။

Files & Folder View ၏ Background တွင် နောက်ခံထည့်သွင်းခြင်း။

1. မိမိကြိုက်နှစ်သက်ရာပုံကို 900x684 pixel အရွယ်အစားရအောင် ဖန်တီးယူပါ။ JPG Format နှင့်သိမ်းပါ။

2. Notepad Program ကိုဖွင့်ပါ။ [ Start - Program - Accessories - Notepad ကိုရွေးချယ်ဖွင့်ပါ။ ]

3. Notepad windows တွင် အောက်တွင်ဖော်ပြထားသော အနီရောင်စာကြောင်းများကိုရိုက်ပါ။

မှတ်ချက် - a.jpg နေရာတွင် သင်သိမ်းဆည်းထားသောပုံ၏ အမည်ကို အစားထိုးပြောင်းလဲပေးရန်လိုပါသည်။

[{BE098140-A513-11D0-A3A4-00C04FD706EC}]
attributes=1
iconarea_image=a.jpg
iconarea_Text=0x00000011
iconarea_backcolor=0xaaddccff

[.classinfo]
infotip=I love you

4. စာရိုက်ပြီးပါက File Menu -- Save ကိုရွေးပါ။ File အမည်ကို Desktop.ini ဖြင့်သိမ်းဆည်းပေးပါ။

5. ပုံ နှင့် Desktop.ini ဖိုင်နှစ်ဖိုင်ကို ကော်ပီကူပြီး C:\,D:\ သို့မဟုတ် E:\ Drives နေရာများတွင် ပေ့(စ်) လုပ်ပါ
အောက်မှပုံကိုကြည့်ပေးပါ။

မှတ်ချက် - အဆိုပါ ဖိုင်နှစ်ဖိုင်ကို မှာယွင်းမဖျက်မိစေရန် လိုအပ်ပါက Hidden လုပ်ထားပေးနိုင်ပါသည်။


ယခုဆိုလျှင်သင်၏Files,FolderView၏Backgroundကိုသင်စိတ်ကြိုက်ပုံများဖြင့်အလှဆင်နိုင်ပါပြီ။

http://kyawnux.blogspot.com/ မှ ပြန်လည်ကူးယူ ဖောက်သည် ချခြင်းဖြစ်ပါသည်။

Windows Media Player တွင် သီချင်းစာသား ထည့်သွင်းခြင်း

WMP မှာ Lyrics တွေ ထည့်လို့ရပါတယ်။ MP3 သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်ရင် သီချင်းစာသားတွေပါ ပေါ်လာအောင် WMP မှာ လုပ်လို့ရပါတယ်။ အဲဒါ အရင် version တွေမှာပါ။ WMP 11 မှာကျ Synchronized Lyrics ပါ ထည့်လို့ရလာတယ်။ Synchronized Lyrics ဆိုတာက ကာရာအိုကေစာတန်းထိုးသလို သီချင်းသံနဲ့ စာသားနဲ့အကိုက် ပြောင်းပြီး ပေါ်ပေးပါတယ်။ အခု အဲဒီနည်းလေးကို အသုံးပြုပြီး မြန်မာ MP3 သီချင်းတွေမှာ Synchronized Lyrics ထည့်နည်းလေးကို Ebook လုပ်ပြီး Share ပေးလိုက်ပါတယ်။ ကဲဗျာ.. မြန်မာ MP3 နားထောင်ရင်း သီချင်းစာသားလေးတွေနဲ့ လိုက်ဆိုကြတာပေါ့။ဒီမှာနှိပ်ပြီး download လုပ်ပါ။ http:// itmen. myanmarbloggers.org မှ ပြန်လည်ကူးယူ ဖောက်သည် ချခြင်းဖြစ်ပါသည်။ အီးမေးလ်ဖြင့် ပေးပို့သော ကိုသူရိန် အားကျေးဇူးအထူးတင်ရှိပါသည်။