Friday, August 15, 2008

ယူနီကုတ်စာလုံး ဖွာလန်ကြဲနေရင်

Myanmar Unicode သုံးရင် ကြည့်လို မလှဘူး ဖြစ်နေပါတယ်၊ စာလုံးအနားတွေက ဖွာလန်ကြဲနေ ပါတယ် ဆိုတဲ့ သူငယ်ချင်းများ အတွက်ပါ... သူငယ်ချင်းတစ်ယောက်က ပြောတယ်ဗျ... မင်းယူနီကုတ်စာလုံးက ဖွာထွက် နေတာပဲ မကြိုက်ဘူးတဲ့...၀င်းအင်းဝကမှ လှတာတဲ့...ကျတော်က ဟာကျတော့်ဆီမှာ ၀င်းအင်းဝ ထက်တောင် ပိုလှတယ်ပြောတာကို သူမယုံပါဘူး...ကျတော် ရန်ကုန်သွားရတော့ အဲဒီက ကွန်ပျူတာကိုင်တော့မှ သူပြောတဲ့ အတိုင်း စာလုံးတွေ ဖွာနေတာကို တွေ့ရပါတယ်... အဖြေရှာကြည့်တော့ အောက်ကအတိုင်း လုပ်လိုက်တာ အဆင်ပြေသွားတာကို တွေ့ရပါတယ်...

၁ - Control Panel ထဲက Display Properties ထဲဝင်ပါ... ( Desktop ရဲ့ လွတ်နေတဲ့ နေရာမှာ right click လုပ်ပြီး Properties ကိုရွေးရင်လည်း Display Properties ထဲကို ရောက်ပါတယ်...)
၂ - Apperance tab ထဲက Effect button ကို click နှိပ်ပါ...
၃ - Use the following method to smooth edges of screen font ဆိုတဲ့ စာသားရှေ့မှာ ရှိတဲ့ လေးထောင့် အကွက်ထဲမှာ အမှန်ခြစ်ရှိအောင် ကလစ်လုပ်ပါ...
၎ - ပြီးရင် အောက်ကပ်လျှက် List box ထဲမှာ ClearType ကို ပြောင်းပေးပါ...
၅ - အဲဒါဆိုရင်ရပါပြီ... OK button တွေကို ကလစ်လုပ်သွားလိုက်ပါ...

မောင်လှရဲ့ ဒိုင်ယာရီ ဘလော့ခ်လေးမှ ကူးယူတင်ပြခြင်းဖြစ်ပါသည်။ ကိုမောင်လှအား ကျေးဇူးတင်စွာဖြင့်။

0 comments: