Monday, August 25, 2008

TCP/IP configuration ကို command prompt ကိုအသုံးပြူပြီးတော့ စမ်းသပ်နည်း

TCP/IP configuration ကို command prompt ကိုအသုံးပြူပြီးတော့ စမ်းသပ်နည်းလေးကို ပြောပြချင်ပါတယ် ဒီနေရာမှာ TCP/IP ဆိုတာဘာလဲလို့ရှင်းရှင်းလင်းလင်းမသိဘူးဆိုရင်တော့…. (သိပြီးသားလုများကတော့ကျော်သွားပါ)

TCP/IP ဆိုတာ Transmission Control Protocol and Internet Protocol ဖြစ်ပါတယ် ။
IP တစ်ခု ဟာ 32 bit binary number ဖြစ်ပြီး decimal ဂဏန်း 4 လုံးနဲ့ ဖော်ပြလေ့ ရှိပါတယ် ။

ပထမဆုံးလုပ်ရမှာက start menu, all program ,accessories မှတဆင့် command prompt ကို open ပါ
(Run box မှာ cmd လို့ရိုက်ထည့်ပြီးတော့လဲသွားနိုင်ပါတယ်)
Ipconfig ဆိုတာလေးကို ရိုက်ထည့်ပြီးတော့ enter ခေါက်ပါ အဲဒီအခါမှာတော့ မိမိ computer ရဲ့ IP adderess
Default gateway တစ်နည်းအားဖြင့် မိမိချိတ်ဆတ်အသုံးပြုနေတဲ့ sever ၊ DNS (Domain Name System) ၊ remote host IP address အစရှိတဲ့ data လေးတွေကိုတွေ့မြင်ရမှာပါ
ဆက်လက်ပြီး ping ရဲ့ option ပုံစံလေးကိုတွေ့မြင်ချင်ရင်တော့ ping လို့ရိုက်ထည့်ပြီးတော့ enter ခေါက်ပါ

မိမိ computer ရဲ့ IP adderess ကို change ချင်ရင်တော့ start menu ,connect to, show all connection ကို
Click ပါ Network connections အထဲက Lan or hight speed internet ဆိုတာလေးကို right click ထောက်ပါ
ပြီးရင် properties ကို click ပါ Lan properties ဆိုတဲ့ dialog box ကျလာပါမယ် ၊
This connection uses the following items ဆိုတဲ့ drop down menu ထဲမှ Internet Protocol(TCP/IP) ကို double click ပေးပါ ၊ Internet Protocol (TCP/IP) ဆိုတဲ့ dialog box ကိုတွေ့ရပါမယ် အဲဒီမှာတော့ Use the following IP address ဆိုတဲ့စာကြောင်းလေးကို အမှန်ခြစ်ပေးပြီးတော့ IP address နေရာမှာ မိမိပြောင်းလိုတာကို ရိုက်ထည့်ပါ (Ip Address ပြောင်းလဲရာတွင် မိမိ server မှ သတ်မှတ်ထားသော ကွန်ပျုနံပါတ်စဉ်အတွင်းသာ ပြောင်းလဲနိုင်မှာ ဖြစ်နိုင်ပါတယ် … ဥပမာ - 13.0.0.254 လို့သတ်မှတ်ထားတဲ့ server တစ်ခုမှာ 13.0.0.255 ဆိုပြီးပြောင်းလဲ၍မရနိုင်ပါဘူး ၊ 13.0.0.254 ကွန်ပျုတာအလုံးရေ 254 ကျော်သွားတာနဲ့ 13.0.1.1 စသဖြင့် ပြန်လည်စတင်မှာဖြစ်ပါတယ်) subnet mask, defult gateway တွေမှာတော့ မူလရှိတာတွေကိုပဲ ရိုက်ထည့်ရမှာဖြစ်ပါတယ် မေ့နေရင်တော့ command prompt ၊ ipconfig မှာပြန်ကြည့်လိုက်ပေါ့ ပြီးရင်Ok ပေးလိုက်ပါ..
Ip Address change တာပြီးဆုံးသွားပါပြီ task bar မှာ Lan icon ပေါ်ချင်ရင်တော့
Lan Properties dialog box က Show icon in notification area when connected ဆိုတဲ့ စာကြောင်းလေးကို
အမှန်ခြစ်ပေးပြီ ok ပေါ့ဗျာ

သင်ရဲ့ computer ဟာ Local Area Connection နဲ့ချိတ်ဆက်အသုံးပြုထားတယ် မိမိရဲ့ Local User password
ခံထားချင်တယ်ဆိုရင် my computer ကို right click ထောက်ပြီး manage ကိုသွားပါ computer manangent ဆိုတဲ့ dialog box ကျလာပါမယ်၊ Local user and group မှ user ကိုရွေးပါ ၊user အောက်က Guest ကို right click ထောက်ပါ ပြီးရင် Set password ကို click ပါ။ set password for Guest ဆိုတာလေးပေါ်လာပါမယ် ၊ proceed ကို clickြ ပီးရင်တော့ မိမိပေးလိုတဲ့ password ပေးပြီးတော့ ok နှိပ်လိုက်ရုံပါပဲ
Share folder ထဲကိုဘယ်သူတွေဝင်ရောက်ကြည့်ရှုနေသလဲဆိုတာ သိချင်ရင်တော့ share folders မှ session ကိုရွေးပါ တကယ်လို့ဝင်ရောက်ကြည့်ရှုတဲ့သူ များလို့ မိမိစက် အလုပ်လုပ်တာ လေးနေတယ် ဆိုရင် ၀င်ရောက်ကြည့်ရှုနေတဲ့ user ကို Right click ထောက်ပြီး close session ကိုရွေးပြီးတော့  ဖြုတ်ချနိုင်ပါတယ်

မိမိကွန်ပျုတာကနေ တခြားကွန်ပျုတာတစ်ခုဆီသို့ lan ထဲမှာ file share ပေးချင်တယ်.။ ဒါပေမဲ့ အဲဒီ share ကို တခြားသူတွေကို မမြင်စေချင်ဘူး..။ တခြားသူတွေ copy မလုပ်စေချင်ဘူးဆိုရင် ဒီနည်းလေးနဲ့ hidden share လုပ်လို့ရပါတယ်။ သိပ်ပြီးခက်ခက်ခဲခဲတော့ မဟုတ်ပါဘူး..။ အတော်တော်များများလည်း ဒီနည်းကို သိပြီးကြပြီ ဖြစ်မှာပါ။ ပြုလုပ်နည်းကတော့..- မိမိ share ပေးလိုတဲ့ folder name ရဲ့နောက်မှာ $ sign လေးထည့်ပြီးတော့ rename လုပ်ပေးလိုက်ပါ။-ပြီးရင် အဲဒီ shareကို share လုပ်ပေးလိုက်ပါ။ဒါလိုဆိုရင် အဲဒီ share ပေးထားတဲ့ folder ကို Network Places ထဲက view my workgroup computer ကပဲကြည့်ကြည့်၊ Run ထဲက computer name နဲ့ဖြစ်ဖြစ် IP address နဲ့ဖြစ်ဖြစ် ကြည့်တာနဲ့ share လုပ်ထားတဲ့ folder ကို မြင်ရမှာ မဟုတ်ပါဘူး..။ဒီ folder ကို တဖက်ကွန်ပျုတာက ဖွင့်ချင်တယ်ဆိုရင်တော့ Run ထဲကနေ ဖွင့်လိုတဲ့ computer name (or) IP address ရဲ့ နောက်မှာ share folder name $ ကိုတိုက်ရိုက် ရိုက်ထည့်ပြီး ခေါ်ယူရပါမယ်.။ ဒါဆိုရင် hidden share လုပ်ထားတဲ့ Data ဆိုတဲ့ folder ကိုအလွယ်တကူ ဖွင့်လို့ရသွားပါပြီ..။

0 comments: