Monday, August 18, 2008

Network မှတစ်ဆင့် အခြားကွန်ပျူတာများကို ထိန်းချုပ်ခြင်း

Network မှတစ်ဆင့် အခြားကွန်ပျူတာများကို ထိန်းချုပ်ခြင်းလုပ်နည်းလေးတစ်ခုကို ဖော်ပြပေး လိုက်ပါ တယ်။ကိုယ့် Network အတွင်းမှာရှိတဲ့ တခြားကွန်ပျူတာတွေကိုထိန်းချုပ်တဲ့နည်းတွေ မြောက်မြားစွာ ရှိပါ တယ်။ တခြားကွန်ပျူတာဘာလုပ်နေတာကအစထိုင်ကြည့်လို့ ရတဲ့ Program တွေလည်းမြောက်မြားစွာ ရှိပါ တယ်။ Local Chat (Text, Voice) ၊ Local Mail၊ LocalIntranet စတာတွေလည်း ဖန်တီးလို့ ရပါသေး တယ်။ တစ်ခုလောက်တောင်းဆိုချင်တာက ဒီနည်းလမ်းကို အသုံးချပြီးသူတစ်ပါးကို အနှောင့်အယှက်မပေး ပါနဲ့။ အထူးတောင်း ဆိုလိုပါတယ်။
၁။ ပထမဆုံး Command Prompt ထဲ ၀င်လိုက်ပါ။
၂။ တခြားကွန်ပျူတာမှာ run နေတဲ့ Program list ကို ကြည့်နိုင်ဖို့tasklist command ကို သုံးရပါ့မယ်။ Parameter တွေ ခံရပါမယ်။ tasklist /scomputername လို့ ရိုက်ပါ။ computername နေရာမှာ ကိုယ်ဆက်သွယ်မယ့်ကွန်ပျူတာရဲ့ name ကို ထည့်ရပါမယ်။
၃။ ဒါဆိုရင် အဲဒီ ကွန်ပျူတာမှာ run နေတဲ့ program list တွေ ပေါ်လာပါပြီ။
၎။ လှမ်းပိတ်နိုင်ဖို့အတွက် taskkill command ကို ထပ်သုံးရပါ့မယ်။
၅။ taskkill /s computername /im programname ပါ။
၆။ programname နေရာမှာ ပိတ်ချင်တဲ့ program name ကို ရိုက်ရပါမယ်။
ဥပမာ- notepad.exe

ခဏလောက်စောင့်ကြည့်ပါ။ပြီးရင်အဲဒီကွန်ပျူတာကိုင်တဲ့သူငါ့ကွန်ပျူတာဘာဖြစ်သွားတာပါလိမ့်ဆိုတဲ့ မျက်နှာကြီးကို စပ်ဖြီးဖြီးနဲ့ ကြည့်နေလိုက်ပေါ့။ http://itmen.myanmar bloggers.org မှ ပြန်လည်
ကူးယူဖောက်သည်ချခြင်းဖြစ်ပါသည်။အီးမေးလ်ဖြင့် ပေးပို့သော ကိုသူရိန် အား ကျေးဇူး အထူးတင်ရှိ
ပါသည်။

0 comments: