Sunday, August 17, 2008

Memory Performance ကို ပိုမိုကောင်းမွန်စေရန်

Memory ထဲမှာ သိမ်းထားတဲ့ Data တွေကို ဖိုင်သိမ်းထားသလို သပ်သပ်ရပ်ရပ်နဲ့ စီစီရီရီသိမ်းထားနိုင်ရင် အလုပ်လုပ်တဲ့အခါပိုပြီးမြန်ဆန်မှုကို ရရှိစေနိုင်တယ်။ဒီလိုဖြစ်ဖို့ Start>Run ကိုခေါ်လိုက်ပါ။ပြီးရင် Regedit လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။အဲ့ဒီမှာပေါ်လာတဲ့ Windows ထဲက အောက်မှာဖော်ပြထားတဲ့အတိုင်း အဆင့်ဆင့်ရှာလိုက်ပါ။HKEY LOCAL MACHINE\SYSTEM\CurrentControlSet\Control\Session Manager\Memory Management ၊ Memory Management မှာ Disable Paging Executive ကိုတွေ့လိမ့်မယ်။ အဲ့ဒါကို Double Click နဲ့ဖွင့်ပြီး Decimal Value ကို 1 လို့ ပြောင်းပေးလိုက်ပါ။ပြီးရင် Large System Cache ကိုလည်း Double Click နဲ့ဖွင့်ပြီး Decimal Value ကို 1 လို့ထပ်ပြောင်းလိုက်ပါဦး။OS အနေနဲ့ ယခုအချိန်မှာ Memory ကို အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးလိမ့်မယ်။

0 comments: