လမင်းရယ်...
တကယ်တော့ ကိုယ်ဟာ
မင်းပျော်ပါးနေထိုင်ရာ
ထက်ကောင်းကင် ဝေယံမှာ
နေနိုင်သူလည်း မဟုတ်ခဲ့ပါဘူး။
မင်းရဲ့ အလင်း
လင်းသထက် လင်းအောင်
ဆောင်ကြဉ်းပေးနိုင်တဲ့
ညခင်းလည်း မဟုတ်ခဲ့ပါဘူး။
မင်းရဲ့အနား
ဝန်းရံခစားနေတဲ့
တောက်ပတဲ့ အလင်းနဲ့
ကြယ်ကလေးများရဲ့ အဆင်းကိုလည်း
ယှဉ်နိုင်သူ မဟုတ်ခဲ့ပါဘူး။
မဖြစ်နိုင်မှန်းသိလျက်နဲ့
မင်းကိုမှ ချစ်မိခဲ့တဲ့ ကိုယ့်စိတ်ကိုလည်း
တားဆီးလို့မရ နိုင်တော့ပါဘူး။
အဲ့ဒီတော့ လမင်းရယ်...
ဟိုအရင် တစ်ချိန်ဆီက
မင်းဆီက ရဘူးတဲ့
အကြင်နာ အယုအယတွေကို
ပြန်လည် မြင်ယောင်ရင်း
တမ်းတစိတ်ကူး
အိမ်မက်မှာပဲ မျှော်လင့်ရင်းနဲ့
ရူးတော့မယ်။
ဆောင်းအိမ်မက်
Tuesday, July 29, 2008
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment