Saturday, July 26, 2008

ချစ်သူ၏ အလှအမွမ်း

ဥမ္မာဒန္တီဇာတ်ကို ဖတ်ဖူးသလား....?
မုဒုလက္ခဏာဇာတ်ကို ဖတ်ဖူးသလား....?
ပဉ္စပါပီဇာတ်ကို ဖတ်ဖူးသလား....?
ပပ၀တီဇာတ်ကို ဖတ်ဖူးသလား....?

ဥမ္မာဒန္တီရဲ့ အချောအလှကြောင့်
သိဝိမင်းကြီးရူးသွားတယ်။
မုဒုလက္ခဏာမင်းသမီးရဲ့ အချောအလှကို
လှစ်ခနဲ မြင်လိုက်မိတဲ့အတွက် ဈာဉ်ပျံရသေ့ကြီးဟာ
ဈာဉ်လျောပြီး ဖုတ်ခနဲ ပြုတ်ကျသွားတယ်။
ပဉ္စပါပီရဲ့ အတွေ့ထူးကြောင့် ဘုရင်ကြီးမူးမေ့သွားတယ်။
ပပ၀တီရဲ့ အချောအလှကို မက်မောလွန်းတဲ့
မင်းကုသဟာ လူပေါကြီးဖြစ်ခဲ့ရတယ်။

အမ္မရာကိန္ဒရီ ၊ မဒီသမ္ဘူလ ၊ ဥမ္မာဒန္တီ တို့ရဲ့ ချောတယ် လှတယ်ဆိုတာတော့
မြင်ဖူးတာ မဟုတ်လို့ မသိပေမယ့်။အဲ့ဒီစာအုပ်တွေထဲက အချောအလှတွေက
ကျွန်တော်ချစ်သူရဲ့ အလှကို မီပါ့မလားလို့တောင် သံသယဖြစ်မိတယ်။

ကောင်းကင်မိုး

0 comments: