Tuesday, July 29, 2008

မိန်းကလေး အချစ်

သူ...
ရေချိုးပြီးစ
သနပ်ခါးရနံ့ မွှေးပျံ့သင်းချိန်
ကျွန်မ သတိအရဆုံး လူဟာ
ဘယ်သူလို့ ထင်သလဲ....?
အဲ့ဒါ ... သူပဲပေါ့ .....
အစားကောင်းစားတဲ့ အချိန်
စာအုပ်ကောင်းဖတ်တဲ့ အချိန်
သတင်းကောင်းကြားတဲ့ အချိန်
ကျွန်မတို့ မိန်းမသားတွေ ဦးဦးဖျားဖျား
သတိရတက်သူဟာ .....
သူတို့ သိပ်ချစ်တဲ့ .....
သူတို့ ချစ်သူတွေပဲပေါ့။
အခုလည်း....
မွှေးရနဲ့ သင်းပျံ့ချိန်မှာ ....
သူကို .... သနပ်ခါး ရနံ့ကလေး
ရှုရှိုက်စေချင်တာဟာ
မိန်းမ တစ်ယောက်ရဲ့ .....
အချစ်ပေါ့နော်။

ကောင်မလေး...

0 comments: