Tuesday, July 29, 2008

ဖြေသိမ့်သူ

ချစ်သူရယ်
ထာဝရခွဲခွါခြင်းမဟုတ်
တစ်ခဏဝေးကွာခြင်းကိုတောင်
ရင်မှာပူဆွေး လွမ်းစိတ်တွေဝေ
ကျွမ်းစိတ် မဖြေနိုင်ခဲ့ပါဘူး။
တကယ်လို့များ
ချစ်သူ မင်းက
တစ်သက်တာ နှုတ်ဆက်
ခွဲခွါလက်ပြသွားခဲ့ရင်
ဟန်ဆောင်မချိပြုံး
အခါခါပြုံးရင်း
မြေပြင်မှာခြေစုံရပ်လို့
ကျွေကျ တဲ့ငါ့မျက်ရည်
ကျန်ရစ်ခဲ့မှာပါ။
ဒါပေမယ့်
ရက်တွေကုန်လွန်လာရင်တော့
တိတ်တိတ်လေးတမ်းတ
တိတ်တိတ်လေးလွမ်းရလို့
နှလုံးသား ကြေအက်
လောကကို မေ့ပြစ်လိုက်တဲ့
ကောင်လေးကိုတော့
မပျက်မကွက်
တစ်ချက်လောက် ငဲ့စောင်းကြည့်ပေးပါလို့။

ဆောင်းအိမ်မက်

0 comments: