Tuesday, July 29, 2008

အမှတ်တရ ချစ်သူသို့

ချစ်သူ...
သံယောဇဉ်ဆိုတာ
သနားညှာတာမှုကအစ
စေတနာတရားအဆုံး
အမြဲရှင်သန်မွေးဖွားစေသတဲ့။
ချစ်သူ...
မြတ်နိုးတွယ်တာမှုနဲ့
နားလည်ခွင့်လွတ်နိုင်မှုကို
ချစ်သူနဲ့ ပတ်သက်သမျှခံစား
အရာရာ ရင်ဆိုင်ရဲတဲ့သတ္တိ
ဆိုးအတူ ကောင်းဘက် လက်တွဲအတူ
တစ်ဘ၀လုံး
အလှဆုံး အိမ်မက်အဖြစ်
ထာဝရ ချစ်သွားကြမယ်။

ဆောင်းအိမ်မက်

0 comments: