သူ....
မနက်မိုးလင်းတဲ့ အချိန်တိုင်း
ကျွန်မရဲ့ မျက်လုံးတွေ
ပွင့်လာတာနဲ့ တစ်ပြိုင်နက်
ကျွန်မ ဆာတာ ဘာလဲသိလား....?
သူ့ရဲ့ အပြုံးတွေကို
ကျွန်မဆာတယ်။
သူ့ရဲ့ ကြင်နာချိုမြိန်တဲ့ စကားသံကို
ကျွန်မ ဆာတယ်။
သူ့အကြောင်းတွေးရင်း နိုးထရတဲ့
နံနက်ခင်းဟာ
ငှက်ကလေးတွေ သီချင်းဆိုသံနဲ့ အတူ
ကြည်နူးဖို့သိပ်ကောင်းတယ်။
ပြီးတော့....
ရေအေးအေး တစ်ခွက်သောက်လိုက်ရသလို
ရင်ထဲ .... အာရုံထဲ....
အေးစိမ့် ကြည်လင်သွားတယ်။
အဲ့ဒီ အချစ်လောက် သိမ်မွေ့နက်ရှိုင်းတဲ့အရာ
ဘယ်မှာမှ ရှာမတွေ့နိုင်ဘူး။
ကောင်မလေး
Tuesday, July 29, 2008
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment